Pages

18.3.13

မာလာဂါကို ပြိုင်ဘက်ကောင်းအဖြစ် လက်ခံထားသော ဒေါ့မွန်

ဒေါ့မွန် အသင်း အမှုဆောင်ချုပ် ဖြစ်သူ ဟန်စ် ဂျိုအာချင် ၀ီဇ်ကီက ၎င်းတို့ အသင်း အနေဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် စပိန်ကလပ် မာလာဂါ အသင်းကို လျှော့တွက်မည် မဟုတ်ကြောင်း ဆိုသည်။ အုပ်စု D တွင် ရှုံးပွဲ မရှိခဲ့သလို အုပ်စုထိပ်ဆုံး ဖြစ်ခဲ့သည့် ဒေါ့မွန်သည် ယူကရိန်း ကလပ် ရှက်တာဒိုးနက် အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၅း၂ ဖြင့် နိုင်ပြီး ယခုလို ကွာတား အဆင့်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဝီဇ်ကီက ရှုံးထွက်အဆင့်တွင် ပေါ်တို အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂း၁ ဖြင့် ကျော်ဖြတ်ခဲ့သည့် မာလာဂါ အသင်းသည် ဒေါ့မွန် အသင်းအတွက် ခက်ခဲသော ပြိုင်ဘက်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
အသက် ၂၄ နှစ် အရွယ်ရှိ ဒေါ့မွန် ကွင်းလယ်လူ ဆာဟင်က မာလာဂါ အသင်းအကြောင်းကို မိမိ ရီးရဲလ်မှာ ရှိစဉ်က သိပြီး ဖြစ်ကြောင်း၊ သူတို့ဟာ ကစားပုံကောင်းသော အသင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ အနေဖြင့် သူတို့ကို လျှော့မတွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ဒေါ့မွန် အသင်းသည် မာလာဂါနှင့် ကွာတားဖိုင်နယ် ပွဲစဉ် ပထမ အကျော့ကို ဧပြီလ ၃ ရက်နေ့တွင် အဝေးကွင်းနှင့် ဒုတိယ အကျော့ကို ဧပြီလ ၉ ရက်နေ့ အိမ်ကွင်း၌ ရင်ဆိုင်ရမည် ဖြစ်သည်။

No comments:

Post a Comment