Pages

21.3.13

အိုင်ယာလန် အသင်းမှ အနားယူမှာ မဟုတ်သေးသည့် ရော်ဘီကိန်း

အိုင်ယာလန် အသင်းခေါင်းဆောင် ရော်ဘီကိန်းသည် အသင်း အတွက် နှစ်ပေါင်းများစွာ ဆက်လက် ကစားချင်သေးကြောင်း ပြော ခဲ့သည်။ အိုင်ယာလန် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထား သူ ရော်ဘီကိန်းသည် အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပေမယ့် မိုက်ကယ်အိုဝင်လို ကစားသမား ဘ၀မှ အနားယူတော့မှာ မဟုတ်သေးဘဲ ကြံ့ခိုင်မှု ပြည့်ဝပါကနောက် ၄ ၊ ၅ နှစ်ဆက်လက် ကစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ မိုက်ကယ် အိုဝင်သည်
ယခုနှစ် ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူမည်ဟု ထုတ်ပြန်ထားပြီး ရော်ဘီကိန်းကမူ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားမှာ အိုင်ယာလန် အသင်းနှင့် အတူ ပါဝင်လိုသည်ဟု ပြောခဲ့သည်။

ရော်ဘီကိန်းသည် အိုင်ယာလန် အသင်းအတွက် ၁၂၂ ပွဲကစားထားပြီး လာမည့် ဆွီဒင် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ကစားခဲ့ပါက အိုင်ယာလန် အသင်းအတွက် ပွဲအများဆုံး ကစားထားသူ တစ်ဦး ဖြစ်သည့် ရှေးဂစ်ဗင်၏ စံချိန်နှင့် တူညီနိုင်မည် ဖြစ်သည်။ အိုင်ယာလန် အသင်းသည် ဆွီဒင် အသင်းနှင့် လာမည့် ၂၂ ရက်မှာ ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ရော်ဘီကိန်း သည် ဆွီဒင် အသင်းတိုက်စစ်မှူး အီဗရာဟင် မိုဗစ်ခ်ျအား ထိန်းချုပ်နိုင်ရန် LA ဂလက်ဆီ အသင်း ကစားဖော်ဟောင်း ဒေးဗစ်ဘက်ခမ်း ထံတွင် မေးမြန်းထားကြောင်း သိရသည်။ ဒေးဗစ်ဘက်ခမ်းနှင့် မိုဗစ်ခ်ျတို့သည် PSG အသင်းမှာ အတူ ကစားနေသူများ ဖြစ်သည်။

No comments:

Post a Comment