Pages

21.3.13

ကျော်ကိုကို ၂ လ ပွဲပယ်ခံရ

ရန်ကုန် ယူနိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကိုသည် မြန်မာ့ လက်ရွေးစင် အသင်း ကစားခွင့် (၂)လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ကျော်ကိုကိုအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ကျော်ကိုကို သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက
ကျင်းပခဲ့သော AFC Challenge Cup ခြေစစ်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အသင်းနှင့် အတူ လေ့ကျင့်နေစဉ် အတွင်း စည်းကမ်း လိုက်နာမှု အားနည်းခြင်းနှင့်အတူ အသင်း အုပ်ချုပ်သူနှင့် နည်းပြ ဆရာများ၊ နည်းပြအဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည် ဖြစ်ခဲ့သောကြောင့် လက်ရွေးစင် အသင်းမှ ပြန်လည် စေလွှတ် ခံခဲ့ရခြင်း ဖြစ်သည်။ ကျော်ကိုကိုသည် ၎င်း၏ အပြုအမူ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြအဖွဲ့ကို ကိုယ်တိုင် သွားရောက် တောင်းပန်စကားဆိုခဲ့ပြီး မိခင်ကလပ် ရန်ကုန် ယူနိုက်တက် အသင်းကလည်း ကျော်ကိုကိုအား လုပ်ခလစာ (၁)လစာ ဖြတ်တောက် သည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment