ဂျော်ဒန် CMJ အထည်ချုပ် စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ်
မပြည့်သေးသည့် ဆန္ဒပြ လုပ်သားတို့ နေထိုင်ခွင့် စရိတ်အဖြစ် တစ်လ လျှင် ၇၂
ကန်ဒေါ်လာ ပေးလျှော်ကြရမည်ဟု ဆန္ဒပြလုပ်သားတို့
ထံမှသိရသည်။ "နေထိုင်ခွင့် စရိတ်လို့ပြောတယ်။ ကျမကတော့ ၉ လ စာလောက်
လျှော်ရမယ်။ မလျှော်နိုင် ပြန်ဆင်းပဲ။" ဟု တစ်လလျှင် ကန်ဒေါ်လာ ၁၅၅ ဖြင့်
ထိုစက်ရုံ၌ နှစ် နှစ်ကျော် လုပ်ကိုင်ခဲ့သူ မကြာမီ မြန်မာနိုင်ငံသို့
ပြန်လာမည့်ဆန္ဒပြ အလုပ်သမား တစ်ဦးကပြောသည်။
စက်ရုံနှင့်လုပ်ငန်း
သဘောတူညီချက်အရ အလုပ်သမားများမှာ ၃နှစ်အနည်းဆုံး လုပ်ကိုင်ရမည်ဖြစ်ပြီး၊
သတ်မှတ်ကာလ အတွင်း လုပ်သားထံမှ တစ်လလျှင် ဖူလုံရေးစရိတ်နှင့် စုငွေစက်ရုံမှ
ဖြတ်တောက်ကြောင်း၊ သတ်မှတ်ကာလမပြည့် ဘဲပြန်ပါက ထိုငွေများထဲမှ
လေယာဉ်စရိတ်နှင့် နေထိုင်စရိတ် ပြန်လည်နုတ်ယူပြီး ကျန်ငွေသာရရှိ မည်ဖြစ်ကာ
မကျန်က လုပ်သားမှ ထပ်စိုက်ပေးလျှော် ရမည်ဟုသိရသည်။ မြန်မာလုပ်သား
၁၃၀၀ကျော်သည် အခြေခံလုပ်ခလစာ တစ်လလျှင် ဒေါ်လာ ၁၅၅ မှ ၂၀၀ အထိ
တိုးမြုင့်ရန်၊ လူမျိုးရေး မခွဲခြားဘဲ တန်းတူညီမျှဆက်ဆံရန်
၊မြန်မာတို့၏အစားအသောက်ကို မြန်မာတို့နှင့် ကိုက်ညီမှုရှိအောင်
ကျမ်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်ကျွေးရန် စသည့်အချက်တို့ကို
ဖေဖော်ဝါရ်ီမ၀င်ဘဲ ၁၄ ရက်ကတည်းပင် လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆိုခြဲ့ခင်း
ဖြစ်သည်။
ထိုတောင်းဆိုချက်များထဲမှ လခတိုးမြင့်ပေးရန်
ကိစ္စကိုဆောင်ရွက်ပေးသော်လည်း တောင်းဆိုသည့်အတိုင်း မရခဲ့၍ အချို့မှာ ဆက်လက်
ဆန္ဒပြနေ ဆဲဖြစ်ပြီး၊ တချို့မှာနေရပ် မြန်မာပြည်သို့
လျှော်ကြေးပေး၍ယခုအပတ်မှ စတင်ပြန်ကြပြီဖြစ်ပြီး လုပ်သက် သုံးနှစ်၊
လေးနှစ်ကျော် ရှိလုပ်သား ၃၀၀ ခန့်မှာတော့ အလုပ်ပြန်ဆင်းနေ ကြောင်း သိရသည်။
စက်ရုံမှ လစာတိုးမြင့် လိုက်ကြောင်းကို ယခုလ ၈ ရက်က စက်ရုံ အလုပ်သမား
အဆောင်များတွင် ကြေငြာစာကပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လုပ်သက်
တစ်နှစ်ရှိသူမှာ လခတစ်လ ၁၆၄ ကန်ဒေါ်လာ၊လုပ်သက်နှစ်နှစ်မှာ ၁၇၁ ဒေါ်လာ၊
လုပ်သက် သုံးနှစ်မှာ ၁၇၉ ကန်ဒေါ်လာ၊ လုပ်သက် လေးနှစ် ၁၈၆ ဒေါ်လာ၊ လုပ်သက်
ငါးနှစ်လျှင် ၁၉၄ ဒေါ်လာအဖြစ် တိုးမြင့်ပေးမည်ဟု ဖော်ပြထားသည်။
"နှစ်အလိုက် တိုးသွားတာ တရားဝင်စာချုပ်နဲ့ တော့မဟုတ်ဘူး၊ နှစ်ကြီးသမားတွေပဲ
အလုပ်ပြန်ဆင်းတာ များတယ်။" ဟု ဆန္ဒလုပ်သား တစ်ဦးက ပြောသည်။
ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးဖြေရှင်းရန် အလုပ်သမား
ဝန်ကြီးဌာနမှ ညွှန်မှုးအဆင့်ရှိ တာဝန်ရှိသူ နှစ်ဦးမှာမကြာမီ လာရောက်မည်ဆို၍
ဆန္ဒပြလုပ်သားတို့ မှာတွေဆုံဆွေးနွေးခွင့် ရရန်လည်း စောင့်မျော် နေကြသည်။
ထိုဆန္ဒပြလုပ်သား များထဲမှာ ၆ဦး မှာယခုအပတ် တနင်္လာနေ့တွင်
စတင်ပြန်လာပြီဖြစ်ပြီး လုပ်သား ၈၀၀ ခန့်မှာ ဆက်လက် ဆန္ဒပြနေပြီး
မကြာမီပြန်လာရန် ပြင်ဆင်နေကြကြောင်း သိရသည်။
No comments:
Post a Comment