Pages

20.3.13

မိုဗစ်၏ ပွဲပယ် ပြစ်ဒဏ် အတွက် အယူခံဝင်မည့် PSG

ပြင်သစ်ကလပ် PSG အသင်းသည် အသင်း တိုက်စစ်မှူး အီဘရာဟင်မိုဗစ်၏ ဥရောပ ပွဲပယ် ပြစ်ဒဏ် အတွက် အယူခံဝင်သွားမည် ဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် ဗလင်စီယာ အသင်းကို နိုင်ခဲ့သည့် ချန်ပီယံလိဂ် အဝေးကွင်း ပထမ အကျော့တွင် အနီကဒ်ပြ ထုတ်ပယ်ခံရပြီး ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည်။ ယင်းပွဲပယ်ပြစ်ဒဏ်ကို အဆိုပါ တိုက်စစ်မှူး အနေဖြင့် မကျရောက်စေရန်အတွက် PSG အသင်းမှာ အယူခံဝင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

PSG အသင်း၏ အယူခံဝင်ခွင့်ကို UEFA အနေဖြင့် မတ်လ ၂၆ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်ဖြစ်သည်။ PSG အသင်းသည် မိုဗစ်အပေါ် ချမှတ်ထားသော ၂ ပွဲပယ်ပြစ်ဒဏ်အား ဗလင်စီယာနှင့် ဒုတိယ အကျော့ အိမ်ကွင်းပွဲတွင် ကျခံခဲ့ရသည့် ၁ ပွဲပယ်ခံရခြင်းနှင့်သာ ကျေအေးရန် UEFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အယူခံ မအောင်ပါက မိုဗစ်မှာ အသင်းဟောင်း ဘာစီိလိုနာ အသင်းနှင့် ဧပြီလ ၂ ရက်နေ့ အိမ်ကွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ကို လွဲရမည် ဖြစ်သည်။

No comments:

Post a Comment