Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့်
သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကို
မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ
ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည်
အယူခံဝင် ထားကြောင်း သိရှိရသည်။ ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍
လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်ဟု ယူဆထားသည့် အတွက်
ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု
မရှိကြောင်း ဂျာမနီနိုင်ငံ ဗဟိုမူပိုင်ခွင့် တရားရုံးမှ မှတ်ချက်ချထားသည်။
Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည် စမတ်ဖုန်း အသုံးပြုသူများ ပိုမို
လွယ်ကူစေရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်းပညာ
ပြဿနာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။
No comments:
Post a Comment