မန်ယူ တိုက်စစ်မှူ ဗန်ပါစီက ၎င်းအနေဖြင့် အသင်းနှင့် အတူ ပထမဆုံး ရာသီမှာပင် ဆုဖလား ၂ လုံး ရယူရန် မျှော်လင့်ထားကြောင်း ဆိုသည်။ မန်ယူ အသင်းသည် လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်တွင် ဆုဖလား ၃ လုံး ရရှိစဉ်က ပရီးမီးယားလိဂ်နှင
့်
FA ဖလားကို တစ်ရာသီတည်း နောက်ဆုံး ရရှိခဲ့သည်။ ဆုဖလား ရယူရန် အာဆင်နယ်မှ
မန်ယူသို့ ရောက်လာသည့် ဗန်ပါစီက မိမိတို့ အနေဖြင့် ဆုဖလား ၂ ခု ရရှိ
စေလိုကြောင်း၊ ဒါဟာ မိမိတို့အတွက် နောက်ဆုံး ရယူခဲ့ပြီးသော အချိန်ကာလ
နောက်ပိုင်း အသစ်တဖန် ပြန် လည် ဆောင် ရွက်ရန် အလွန် အရေးကြီးကြောင်း
ပြောကြားခဲ့သည်။ အကယ်၍ မန်ယူ အသင်းသည် ယနေ့တွင် ချဲလ်ဆီး အသင်းနှင့်
အဝေးကွင်း FA ကွာတား ပြန်ကန်ပွဲကို နိုင်ခဲ့ပါက နောက်ဆုံး ၁၄ နှစ် အတွင်း
ပထမဆုံး ဆုဖလား ၂ လုံး မျှော်လင့်ချက်ကို ဆက်လက်၍ ရှင်သန်စေမည် ဖြစ်သည်။
ဗန်ပါစီက ဆန်းဒါးလန်းနှင့်ပွဲမှာ နိုင်ခဲ့၍ ပရီးမီးယားလိဂ်မှာ မိမိတို့
ချန်ပီယံ ဖြစ်ရန် နီးစပ်လာခဲ့ကြောင်း၊ ယခု FA ဆီမီးမှာ မန်စီးတီးနဲ့
တွေ့ဆုံရန် မိမိတို့ အနေဖြင့် အခွင့်အရေးကောင်းများ ရှိနေကြောင်း၊ ယနေ့
ချဲလ်ဆီးနှင့် ပွဲသည် အကြီးမားဆုံး ခက်ခဲသော စမ်းသပ်မှု တစ်ခု ဆိုသော်လည်း
မိမိတို့ အနေဖြင့် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment