
ဒုလ္လဘရဟန်းခံခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ဦးတေဇသည် ယခင် အစိုးရလက်ထက် နိုင်ငံအကြီးအကဲများ နှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး (၂၀၁၁)ခုနှစ်၊ ပူတာအိုဒေသတွင် ရဟတ်ယာဉ်မတော်တဆ ပျက်ကျပြီးသည့်နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများထက် လူမှုရေးလုပ်ငန်းများနှင့် အလှူအတန်းများကို ဦးစားပေးလုပ်ဆောင် လာကြောင်း ၎င်းနှင့်ရင်းနှီးသူများက ပြောဆိုကြသည်။ ထို့ပြင် ဦးတေဇပိုင် ထူးကုမ္မဏီမှ အကျိုးအမြတ်ရရှိသည့် လုပ်ငန်းများကိုလည်း ပြည်သူပိုင်လုပ်ငန်းများအဖြစ်ပြောင်းလဲသွားမည်ဟု တရားဝင်ကြေငြာခဲ့သည်။ ယခု အခါ ဦးတေဇ အနေဖြင့် Htoo Foundation အား ဖွဲ့စည်းထားပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Ref
U Tayza Facebook
http://www.facebook.com/HtooFoundation
No comments:
Post a Comment