Pages

11.4.13

အသက်ကြီးလာစဉ် အရပ်ပုသွားရခြင်း အကြောင်း

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့


အသက်ကြီး လာစဉ်မှာ မိမိဘဝရဲ့ နေထိုင်မှု ပုံစံဟာ အသက်ကြီး လာစဉ်မှာ မိမိရဲ့အရပ် ဘယ်လောက် လျော့နည်း သွားမလဲ ဆိုတာပေါ်မှာ လွှမ်းမိုးမှု ရှိတယ်လို့ ဟားဗတ် တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အရပ်အမြင့်နဲ့ ကျန်းမာရေးဟာ ငယ်စဉ် အရွယ်နဲ့ ကြီးလာစဉ် နှစ်မျိုးစလုံးမှာ ဆက်စပ်မှု ရှိပါတယ်။ သင်ရဲ့အရပ် ဘယ်လောက်ရှည်ရှည် ကြီးလာစဉ်မှာ အရပ် အမြင့်ပေ လျော့နည်း သွားတာဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ညွှန်ပြချက် ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ကြီး လာစဉ်မှာ အရပ်ပု သွားတာဟာ ရေတို မှတ်ဥာဏ် ဆုံးရှုံးတာ၊ လွယ်ကူတဲ့ သင်္ချာ ဂဏန်းတွေကို တွက်ချက် နိုင်စွမ်း မရှိတာနဲ့ နေ့ရက် တွေကို မသိတာ လိုမျိုး ဥာဏ်ရည် နိမ့်ကျ သွားတတ် ပါတယ်။ အသက်ကြီး လာစဉ် အရပ်ပု သွားတာ ဟာလည်း ပညာအရည် အချင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။

အမျိုးသားတွေ အနေနဲ့ ပျမ်းမျှအားဖြင့် ၃ ပညာတတ် သူတွေမှာ ပိုပြီး အရပ်ပုတတ် တယ်လို့ သိရပါတယ်။ လူတိုင်း လူတိုင်းဟာ အသက်ကြီး လာရင် ခန္ဓာကိုယ်မှာ အဆီတိုး လာတာနဲ့ အရိုး သိပ်သည်းဆ နည်းလာတာ အပါ ဝင် ကိုယ်ကာယ ပြောင်းလဲမှုတွေ ဖြစ်ပေါ် တတ်ပါတယ်။ အသက်ကြီး လာတာ ကြောင့် အရပ်ပု သွားတတ်တာဟာ အဆစ်ရောင် ရောဂါ၊ ခါးဆစ်ရိုး ရောင်ရမ်းတာ ဒါမှမဟုတ် အရိုးပါး ရောဂါတွေကြောင့် ဖြစ်တတ်သလို့ အစားအစာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ်သောက် တာလိုမျိုး ဘဝနေထိုင်မှု ပုံစံတွေကြောင့် လည်း ဖြစ်ပေါ် တတ်ပါတယ်။

Good Health

No comments:

Post a Comment