" မြောက်ကိုရီးယား၏ရန်စမှုအား စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် တောင်ကိုရီးယား ပြင်ဆင် "
၅.၄.၂၀၁၃၊ သောကြာနေ့

မြောက်ကိုရီးယား၏ မည်သည့်ရန်စကျူးကျော်မှုကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားရေး အတွက် တောင်ကိုရီးယားသမ္မတက စစ်တပ်အား ညွှန်ကြားထားကြောင်း သိရသည်။
''တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် တစ်စုံတစ်ရာ ရန်စမှုတွေ ရှိလာရင် စစ်တပ်ဟာ
နိုင်ငံရေးကိစ္စ ရပ်တွေကို ထည့်မစဉ်းစားဘဲနဲ့ ပြင်းပြင်းထန်ထန်
တုံ့ပြန်သင့်တယ်'' ဟု သမ္မတပတ်ဂွမ်ဟီးက ပြောဆိုခဲ့ကြောင်း ယွန်ဟက်တင်း
အေဂျင်စီက ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားတို့
စစ်မက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကင်ဂျုံ အမ်ကဆိုခဲ့ပြီး
နှစ်နိုင်ငံကြား မည် သည့်ကိစ္စရပ်ကိုမဆို ယင်းကာလ အခြေအနေတိုင်းသာ ဆောင်ရွက်
မည်ဟုပြောဆိုခဲ့ခြင်းကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
''ကြည့်လေ၊ မြောက်ကိုရီး ယားရဲ့ မကြာသေးခင်က ခြိမ်း ခြောက်မှုတွေဟာ ဘယ်လောက် ဆိုးရွားပြင်းထန်လဲ'' ဟု သမ္မတပတ်က ဆိုသည်။
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား
စစ်မက်ရေးရာ တင်းမာမှုများ မြင့်တက်လာပြီးနောက် မြောက်ကိုရီးယားက အမေရိကန်
နှင့်တောင်ကိုရီးယားအပေါ် ရန်လို မှုများ ပိုမိုပြုလုပ်လာနေသည်ဟု သိရသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ
စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သောအားဖြင့် ကိုရီးယား
ကျွန်းဆွယ်စစ်ပွဲရပ်ဆိုင်းရေး စာချုပ်ကို တစ်ဖက်သတ်ဖျက် သိမ်း
ကြောင်းမြောက်ကိုရီးယားတို့က ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် အမေရိကန်
မြို့ကြီးများသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များပြမြေပုံကိုလည်း
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာက ထုတ်
လွှင့်သွားခဲ့သည်။
Popular News
No comments:
Post a Comment