Pages

10.4.13

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ ပြောကြား

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အတွင်းရေမှူး ဦးခင်မောင်သိန်းက ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဗလီအပါအဝင် သာသနာပိုင် အဆောက်အဦများ ဆောက်လုပ်ရန် သာသနာရေး ဦးစီးဌာန၏ ထောက်ခံချက် ရယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ရယူရာတွင် သာသနာ့မြေအဖြစ် လျောက်ထားသော မြေသည် သာသနာ့မြေ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု တင်ပြနိုင်ရမည် ဖြစ်ကြောင်း၊ သိရှိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးရုံးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံချက် ရရှိပြီးပါက ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။

လျောက်ထားမှုများအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အိုးအိမ် ဦးစီးဌာနမှ လိုအပ်သလို စိစစ်သွားမည်ဖြစ်ပြီး အချက်အလက် မပြည့်စုံပါက သတ်မှတ်ကာလထက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ခွင့်ပြုချက် မရဘဲ ဗလီများ ဆောက်လုပ်ခွင့် မရှိကြောင်း ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း မီဒီယာ တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group

No comments:

Post a Comment