၁၇.၅.၂၀၁၃၊ သောကြာနေ့
တောင်ကိုးရီးယားနိင်ငံမှာရောက် ရှိနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ က ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့်အရေးဆုကို ဒီကနေ့ အထူးအခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်နေတဲ့ NLD လွတ်မြောက်နယ်မြေတောင်ကိုးရီးယားဌာနခွဲက ဦးရန်နိင်ထွန်းက RFA ကို ပြောပါတယ်။
" လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မင်းကိုနိုင်ရခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ကိုမင်းကိုနိုင်ကို ဒီနေ့မေလ ၁၆ ရက်နေ့မှာ အခမ်းအနားတစ်ရပ်အနေနဲ့ ကျင်းပပြီးတော့ ပြန်လည်ချီးမြှင့်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်၊ တကယ်တမ်း အခမ်းအနားကျင်းပတာကတော့ မေလ ၁၈ ရက်နေ့မှာ ၂၀၁၃ ခုနှစ်အတွက် ဂွမ်းဂျူးလူ့အခွင့်အရေး ဆုရတဲ့သူကိုလည်းဆုချီးမြှင့်မှာ ပေါ့"
ဆုပေးပွဲအခမ်းအနားဟာ နှစ်စဉ်မေလ ၁၈ ရက်မှာ ကျင်းပလေ့ရှိပေမယ့် အထူးအခမ်းအနားအနေနဲ့ ဒီကနေ့ ကိုမင်းကိုနိင်ကို ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။
၁၈ ရက်နေ့ ကျင်းပမယ့်အခမ်းအနားကိုလည်း ကိုမင်းကိုနိင်တက်ရောက် မယ်လို့ သိရပါတယ်။
အဲဒီနောက်လူ့အခွင့်အရေးအတွက်ကျဆုံးသွားကြတဲ့ကျောင်းသားတွေရဲ့အု တ်ဂူတွေမှာ သွားရောက်ဂါရဝပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
RFA
No comments:
Post a Comment