၁၅.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေးအရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင် သံတမန်ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ တာဝန်ထမ်းဆောင်နေသော အမေရိကန် CIA အေးဂျင့်တစ်ဦးအား မော်စကိုမြို့တွင် ရုရှား တန်ပြန်ထောက်လှမ်းရေးဌာနက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း RT News တွင် ဖော်ပြသည်။ ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးလိုက်သည့် CIA အေးဂျင့်၏အမည်မှာ ရိုင်ယန်ခရစ္စတိုဖာ ဖော့ဂ်လီဖြစ်ကြောင်း၊ ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ နိုင်ငံရေးရာဌာနတွင် သံတမန်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရုရှား Federal Security Service (FSB) က အတည်ပြု ပြောကြားသည်။
Planet
No comments:
Post a Comment