စစ်တွေမြို့တွင်း လမ်းမများအား နိုင်လွန်ကတ္တရာ ခင်းနေစဉ်
စစ်တွေမြိုတွင်း လမ်းမအား ပေ ၉၀၀၀ ကျော် အရှည်ရှိသော ကွန်ကရစ်လမ်းအဖြစ်
နယ်စပ်ရေးရာ ၀န်ကြီး ဌာန၏ ထောက်ပံ့ခွင့်ပြုငွေဖြင့် စည်ပင်သာယာရေးအဖွဲ့မှ
တာဝန်ယူဖောက်လုပ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ လမ်းအရှည်ပေ ၉၂၄၀ ပေ၊ လမ်း၏ အကျယ်မှာ ပေ
၄၀ နှင့် ထုရှစ်လက်မ ရှိကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏
ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ပြည်နယ်စည်ပင် သာယာရေးနှင့် စစ်တွေမြို့နယ်
စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မေလအစောပိုင်းမှ စတင်ဖောက် လုပ်နေခြင်း
ဖြစ်ကြောင်းလည်း သိရသည်။ ကွန်ကရစ်လမ်း၏ အရှည်မှာ လမ်းမတော် တောင်ရပ်ကွက်ရှိ စက်ရုံလမ်းမှ
ပြည်တော်သာ ရပ်ကွက်ရှိ နာရီစင်အထိ သိရသည်။ အလားတူ စက်ရုံလမ်းမှ ဆင်ကူးလမ်း
ရပ်ကွက်ရှိ သင်္ဘောဆိပ်ကမ်း အထိကိုလည်းကွန်ကရစ် ခင်းသွားမည်ဖြစ်ရာ ယင်းကွန်ကရစ် လမ်းအရှည် မှာ ၁၇၇၄ ပေ၊ အကျယ် ၂၀ ပေနှင့် ထုရှစ်လက်မ ရှိကြောင်းလည်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးက "စစ်တွေမြို့မှာ လမ်းဘေးလူသွားလမ်း
ပလက်ဖောင်းတွေဟာ ကျဉ်းတယ်။ အခု ကွန်ကရစ်လမ်းက လမ်းသားကိုမြှင့်လုပ်တော့
ပလက်ဖောင်းနဲ့တစ်ပြေးညီ ဖြစ်သွားတယ်။ အဲဒါကလမ်းသွား သူတွေကို အန္တရာယ်ဖြစ်စေမှာပါ" ဟုပြောသည်။ စစ်တွေတွင် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းမှ စ၍ ကမ်းနားလမ်းနှင့်ရှုခင်းသာလမ်းတို့ကိုလည်း ကွန်ကရစ်လမ်းအဖြစ် ဆောက်လုပ်အသုံးပြုနေ ပြီဖြစ်သည်။
EMG
No comments:
Post a Comment