Pages

24.6.13

ကုသိုလ်တော်ကျောက်စာ ကမ္ဘာ့ယဉ်ကျေးမှုမှတ်တမ်းဝင်


  မန္တလေးမြို့မှာရှိတဲ့  ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောကမရဇိန်ကျောက်စာကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။ စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်းစတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ထိန်းသိမ်းနိုင်ဖို့အပြင်သမိုင်းအချက်အလက်တွေကို လူတိုင်းလေ့လာကြည့်ရှုနို င်အောင်ကူအညီပေးတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းဖို့ တောင်ကိုရီးယားနိုင်ငံ Gwangju မှာ ကျင်း ပတဲ့ ယူနက်စကိုအစည်းအဝေးမှာ လက်ခံလိုက်တာဖြစ် ပါ တယ်။ ဇွန်လ ၁၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သတ်မှတ်တဲ့ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကျော်ကနေ ၅၄ နေရာအတွက် အသစ်တင်သွင်းခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံက ကုသိုလ်တော်အပြင် နီပေါနဲ့ အစ္စရေးနိုင် ငံတွေက သမိုင်းဝင်နေရာတွေလည်းပါဝင်ပါတယ်။ အခုအခါမှာ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းသတ် မှတ်ခံရတဲ့နေရာ ၂၉၉ ခုရှိပြီဖြစ်ပါတယ်။
   ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ်တာခံရဖို့ မြန်မာနိုင်ငံကနေရာ ၈ နေ ရာအတွက် ကုလသမဂ္ဂမှာ လျှောက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးမေင်းဖြစ်တဲ့ အနော်ရထာမင်း လက်ထက်တည်ထားတဲ့ပုဂံမြို့နဲ့ဘုရားပုထိုးတွေ ပျူခေတ်လက်ရာတွေကုန်းဘောင်ခေတ်ရွှေကျောင်းတော် ရခိုင်က မြောက်ဦးပုထိုးတွေ၊ မွန်ဘုရင်တွေရဲ့မြို့တော် ဟံသာဝတီပဲခူး၊ အထက်မြန်မာပြည်ရှေးဟောင်းမြို့ တော်တွေအပြင် အင်းလေးရေကန်ကြီးနဲ့ ပြဒါးလင်းဂူတွေကိုပါ World Heritage Site ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတွေအဖြစ် လျှောက်ထား တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment