Pages

16.6.13

ရှစ်လအတွင်း တရားမ၀င် ကုန်သွယ်မှုတန်ဖိုး သိန်းပေါင်းငါးသောင်းကျော် ဖမ်းဆီးရမိ

နောင်ချို အေးရှားဝေါလ် တိုးဂိတ်တွင် ယာဉ်တစ်စင်းအား စစ်ဆေးနေစဉ်

စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) များ ဖွဲ့စည်းကာ ဆောင်ရွက်သည့် အချိန်မှစ၍ ရှစ်လတာ ကာလအတွင်း တရားမ၀င် ကုန်သွယ်မှုတန်ဖိုး ကျပ်သိန်းပေါင်း ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Mobile Team များ စတင်ဖွဲ့စည်း ဆောင်ရွက်သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်ထိ အမှုပေါင်း ၁၆၇၆ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၅၂၅၉၈၀၅၈၁၀ ဒသမ ၅၅ ကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူ မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် နယ်စပ်စခန်းများမှ ကုန်သွယ်မှု တန်ဖိုးမှာ အလားတူ ကာလများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၈၆ သန်း တိုးလာသည်ဟု သိရသည်။

တရားမ၀ င်ကုန်သွယ်မှုများ ဖမ်းဆီးရရှိမှုတွင် မူဆယ်-မန္တလေးလမ်းကြောင်းနှင့် မြ၀တီ-ရန်ကုန်လမ်းကြောင်းတွင် ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။ "ဖမ်းတာ ဆီးတာကို ကျွန်တော် သဘောမကျဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဖမ်းတာလဲဆိုရင် သူတို့တရားဝင်လမ်းကြောင်းပေါ်ကိုတက်ဖို့ ကျွန်တော်တို့လုပ်ပေးနေရတာ။ ဒါပေမဲ့ အခုလိုဖမ်းဆီးနေ တာ complete ဖြစ်လားဆိုတော့ မဖြစ်ဘူး။ မလုပ်တာထက်စာရင်တော့ အဟန့်အတား တစ်ခုတော့ ဖြစ်သွားတာပေါ့" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြား သည်။

နယ်စပ်လမ်းကြောင်းများမှာ တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၂၀ သာရှိပြီး ပင်လယ်ရေကြောင်းမှ ရာခိုင်နှုန်း ၈၀ ရှိသောကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကိုလည်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ကိုင်တွယ်မည်ဖြစ်ကာ တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိလာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လအ တွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ဦးသောင်းညွန့်က ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment