အီဂျစ်နိုင်ငံ(Egypt)တွင် မွတ်စလင်တရားဟောဆရာတစ်ဦးက ခရစ်ယာန်သမ္မာကျမ်းစား (Bible)ကို စုတ်ဖြဲကာ မီးရှို့မှုဖြင့် တရားရုံးတော်က ထောင်ဒက် (၁၁)နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း အီဂျစ်အစိုးရပိုင် သတင်းစားတွင်ဖော်ပြခဲ့သည်။ ကိုင်ရိုမြို့ (Cairo) နာစရ် အရပ်ဒေသနေ အာမက်အဘ်ဒူလာကို ထောင်ဒဏ် (၁၁)နှစ် နှင့် သူ၏သားဖြစ်သူသကိုလည်း အလားတူအမှုဖြင့် တရားဟောခွင့် (၈)နှစ် ပိတ်ပင်လိုက်သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ငွေဒဏ်အီဂျစ်ပေါင် ၅,၀၀၀ လည်း ပေးဆောင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၁၁) ရက်က အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယိုထုတ်လုပ်မှုအား ရှုံချဆန္ဒပြကြာရာက၌ ၎င်းကကိုင်ရိုမြို့ အမေရိကန်သံရုံးရှေ့တွင် ယခုပြစ်မှုအားကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံ၏ ဥပဒေတွင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာများကို ကောင်းကင်ကျ ကျမ်းရဘာသာများအဖြစ် လက်ခံသတ်မှတ်ထားပြီး မထီမဲ့မြင်ပြုမှုအားလုံးကို အပြစ်ပေးရန်သတ်မှတ်ထားသည်။ ယခုကဲ့သို့အစ္စလာမ်ဘာသာဝင် အများစုဖြစ်သော အီဂျစ်နိုင်ငံတွင် လူနည်းစု ခရစ်ယာန်ဘာသာဝင်တို့၏ သာသနာအားစော်ကားခြင်းအပေါ် ဘက်မလိုက်အရေးယူလိုက်ခြင်းသည် ဒီမိုကရေစီ စနစ်ကျင့်သုံးလျှက်ရှိသော အခြားနိုင်ငံများအနေနဲ့ အတုယူဖွယ်ဖြစ်သည်။
Ref..myanmarmuslimsvoice
Ref..myanmarmuslimsvoice
No comments:
Post a Comment