Pages

21.6.13

ဘရာဇီးရဲတွေနဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့


  ဘရာဇီးလ်နိုင်ငံမှာ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုစနစ် ချွတ်ယွင်းတာတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်တဲ့ အနေနဲ့နိုင်ငံတဝှမ်းက မြို့ပေါင်းတစ်ရာလောက်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားလျှက်ရှိပါတယ်......
Rio de ဂျနဲရိုးမြိ့က လမ်းမတွေပ်ါမှာ လူသောင်းနဲ့ချီ စုဝေးရောက်ရှိနေကြရာမှာ မြို့တော်ခန်းမဆီ ချီတက် လာနေတဲ့ ဆန္ဒပြသူ တွကေို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
   Confederations ဖလား ဘောလုံးပွဲကျင်းပမယ့် ဆယ်လ်ဗားဒေါမြို့က ဘောလုံးအားကစားရုံတခုရဲ့အနီး အပြင်ဘက်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘရာဇီးလ် သမ္မတ ဒေလ်မာ Rousseff ဟာ လာမယ့် သီတင်းပတ်မှာ သွားဖို့ရှိ တဲ့ သူ့ရဲ့ဂျပန်နိုင်ငံခရီးစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ အခုလ အစောပိုင်းတုန်းက လူထု သယ်ယူ ပို့ဆောင်ရေး စရိတ်တွေကို ၁၀ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ရတာပါ။ သယ်ယူ ပို့ဆောင်ရေး စရိတ်တိုးမြှင့်သတ်မှတ်မှုကို အစိုးရကအခုအခါပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြမှုများ ဆက်လုပ်သွားမယ်လို့ ဆန္ဒပြသူတွကပြောပါတယ်။

Ref...RFA

No comments:

Post a Comment