စတုတ္ထ အကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်ပန်ကြပ်ဆီလတ်ပြိုင်ပွဲ
တတိယနေ့ပွဲစဉ်များကို ဇွန် ၂၆ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပခဲ့ရာ အိမ်ရှင်မြန်မာပန်ကြပ်ဆီလတ်အဖွဲ့ က ငွေတံဆိပ်နှစ်ခု
ဆွတ်ခူးရရှိထားကြောင်းသိရသည်။ မြန်မာပန်ကြပ် ဆီလတ်အဖွဲ့အတွက်ငွေတံဆိပ်ဆု ကို ထက်ဝေလှိုင်က အမျိုးသားတစ်ဦးချင်းအပြပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းကရွှေတံ ဆိပ်နှင့် ဗီယက်နမ်အသင်းက ကြေးတံဆိပ်တို့ရရှိခဲ့ကြပါသည်။
နောက်ထပ်ငွေတံဆိပ် တစ်ခုကိုမူသူရစိုးနှင့် ရဲမောင်မောင်အတွဲက အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင်ရယူနိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကိုဗီယက်နမ်နှင့် ၊ကြေးတံဆိပ်ဆုကို မလေးရှားတို့က ရရှိခဲ့သည်။ ပြိုင်ပွဲတတိယနေ့အပြီးတွင် ဗီယက်နမ်အသင်းက ရွှေသုံးခု ၊ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိကာ
နိုင်ငံအလိုက် ဆုရရှိမှုတွင် ဦးဆောင်နေပြီး အင်ဒိုနီးရှားအသင်းက
ရွှေနှစ်ခု ၊ ငွေတစ်ခုရရှိကာ ဒုတိယနေရာကနေလိုက်နေကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၈ ခုချီးမြှင့် မည်ဖြစ်ပြီး ဇွန် ၂၇ ရက်
(ယနေ့) တွင် အတိုက်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ် ၁၃ ပွဲကို ဆက်လက်၍ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၂၆ ရက် ညနေပိုင်းတွင် အတိုက်ပြိုင်ပွဲ၏
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ကျင်းပ ခဲ့ပြီး အပြပြိုင်ပွဲ
အမျိုးသားပြိုင်ပွဲ သုံးပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ပွဲ၊ စုစုပေါင်းငါးပွဲကိုမူ နံနက်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ မြန်မာပန်ကြပ် ဆီလတ်အဖွဲ့သည် မတ်လအတွင်းက ကျင်းပခဲ့သည့် ဆီးဂိမ်းစ်အကြို
အာဆီယံဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့သော်လည်း ယခုပြိုင်ပွဲတွင်မူ တတိယနေ့အပြီးအထိရွှေ တံဆိပ်ရယူနိုင်ခြင်း
မရှိသေးကြောင်းသိရသည်။ ပြိုင်ပွဲကို ဇွန် ၂၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Ref..news-eleve
Ref..news-eleve
No comments:
Post a Comment