Pages

25.6.13

“မင်္ဂလာပွဲသို့ အသောက်အစားကြမ်းသူများ ဖိတ်ကြားခြင်းမပြုရန် ဂျိုလီ ကန့်သတ်ချက်ထုတ်”

 
 
မိမိတို့၏ မင်္ဂလာ ဧည့်ခံပွဲတွင် အသောက်အစား ကြမ်းသော မိတ်ဆွေများကို ဖိတ်ကြားခြင်း မပြုရဟု အန်ဂျလီနာ ဂျိုလီက ဘရတ်ပစ်တ်အား ကန့်သတ်ချက် ထုတ်ပြန်ထားလိုက်ကြောင်း သိရှိရသည်။ ကာလရှည်ကြာ တွဲလာသော ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲသည် သားသမီး များစွာနှင့် မိသားစု အခြေတကျ ဖြစ်နေသည့်တိုင် ယခုအချိန်ထိ လက်မထပ်ရသေးချေ။

သို့သော်လည်း ယခုနှစ်အတွင်း ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်ရန် စီစဉ်နေပြီဟု သတင်းများက အလေးအနက် ဖော်ပြလျှက် ရှိသည်။ ပစ်တ်တွင် အရက် အလွန်သောက်သည့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများ ရှိနေရာ ဂျိုလီက ခင်ပွန်းလောင်းအား မင်္ဂလာဧည့်ခံပွဲပါတီတွင် ယင်းတို့ကို ဖိတ်ကြားခြင်း မပြုရန် တောင်းဆိုထားကြောင်းအတွင်းလူ အချို့က ဆိုသည်။
Planet Myanmar Network

No comments:

Post a Comment