Pages

25.6.13

မလေးရှား ကပုန်းအသင်းသို့ နာရေးကူညီမှုအသင်း ကားလှူ


   မလေးရှားတွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မလေးရှားနိုငင်ငံရှိ 'ခုနစ်ရက် သား သမီး'နာရေးကူညီမှုအသင်း(ကပုန်း-မလေးရှား)အဖွဲ့သို့ ကားတစ်စီးဝယ်ယူနိုင်ရန် မတည်ငွေကျပ်သိန်း၂ဝ၀ ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လှုဒါန်းခဲ့သည်ဟု ယင်းအသင်း၏ ဥက္ကဌ ဦးကျော်သူက မဇ္ဈိမ ကို ပြောသည်။ ဦးကျော်သူက ''ကားဝယ်ဖို့မတည်ငွေ လှူမယ့်ကိစ္စက ပြောထားတာ ခြောက်လလောက် ရှိ ပါပြီ။ သူတို့ အသင်းအနေနဲ့က မလေးမှာနာရေးဖြစ်ရင် ကားအသုံးပြုဖို့အတွက် အဲ့ဒီကအခြေအနေနဲ့ အ ဆင်မပြေဖြစ်နေတာပါ '' ဟု ပြောသည်။ ယခင်က သေဆုံးသူများ၏ရုပ်အလောင်းမြေကျရန် နာရေးတွင် အ ခကြေးငွေယူ၍ လုပ်ကိုင်သူများနှင့် ဆက်သွယ်ရပြီး မြေကျရန်အတွက် မလေးရင်းဂစ် ၁၅ဝဝမှ ၃ဝဝဝ ခန့် အထိ ကျခံရသည်။ မလေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသေဆုံးပါက ရုပ်အလောင်း မြေကျခွင့်ရရန် အ ခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့လေ့ရပြီး သေဆုံးသူ၏ ဘာသာအလိုက် ထုံးတမ်းစဉ်လာအတိုင်း ကပုန်းအသင်းက သဂြုင်္ိလ်ပေးခြင်းဖြစ်သည်ဟု ယင်းအသင်းက ဆိုသည်။ မြန်မာနိုင်ငံမှ လှူဒါန်းငွေများကို ပဋိပက္ခကြောင့် သေဆုံးသူ၊ ထိခိုက်သူများအတွက် ပေးအပ်ခဲ့ပြီး ပြီးခဲ့သည့်လအတွင်းက မလေးရှားနိုင်ငံ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံမှ ကပုန်းအသင်းသို့ ဆက်သွယ်လှူဒါန်းသောငွေကြေး များကို ယင်းအသင်းက ပဋိပက္ခကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများကို ဇွန်လ ၂၃ ရက်ကပေးအပ် ခဲ့သည်။ ယင်းသို့ပေးအပ်ခြင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမတွင်ကျင်းပပြီး ထိခိုက်ဒဏ်ရာ ရသူများကို အလှုငွေပေးအပ်ပြီး အလှုရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။
   အလှုငွေပေးအပ်ပွဲတွင် ပဋိပက္ခကြောင့်သဆုံးသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅ဝဝ နှုန်းဖြင့်သေဆုံး သူခုနစ်ဦး၏ ကျန်ရစ်သူမိသားစုများအားထောက်ပံ့ခဲ့ပြီး၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူခုနစ်ဦးအား တစ်ဦး လျှင် အမေရိကန် ဒေါ်လာ၂ဝဝဝ နှုန်းဖြင့် ဆေးကုစရိတ်ထောက်ပံ့ခဲ့ကာ သေးငယ်သောထိခိုက်ဒဏ်ရာရသူ ငါးဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ နှုန်း ပေးအပ်ထောက်ပံ့ခဲ့သည်။ အလှုငွေများ လက်ခံရ ရှိခြင်းမှာ မြန်မာငွေ သိန်း ၃ဝဝဝ ရရှိသည်ဟု မီဒီယာအချို့ကဖ်ာပြခြင်းရှိသော်လည်း ယင်းငွေကြေး ပမာဏမှာ မဟုတ်ဟု ယင်းအသင်း၏ဘဏ္ဍာရေးမှူးကိုဇော်ဇော်က ပြောသည်။ ရရှိသော အလှုငွေစုစုပေါင်း မှာ အမေရိကန်ဒေါ်လာ ၇၁ဝဝဝ၊ မြန်မာငွေ၂၁ဝဝဝဝ နှင့် လေယာဉ်လက်မှတ် ၅ဝဝ စာ လက်ခံရရှိသည်ဟု ယင်းအသင်းကဆိုသည်။ ကိုဇော်ဇော်က '' အသင်းကရရှိတဲ့ အလှူငွေတွေကို တစ်စုံတစ်ယောက်ရဲ့ ကိုယ် ကျိုးစီးပွားအတွင်အသုံးပြုမှာမဟုတ်ဘဲ ပရဟတိ လုပ်ငန်းများမှာဘဲ အသုံးပြုသွားပါမယ်လို့ အလှူရှင်တွေ ကိုကတိပေးပါတယ်။ မြန်မာတွေမှာနေရေးထက်၊ သေရေးခက်တယ်ဆိုတဲ့စကားပုံရှိပါတယ်။မလေးရောက်ြ
မြန်မာနိုင်ငံသားတွေအတွက် နေရေးရော၊ သေရေးပါ ခက်ပါတယ် ''ပာု ဆိုသည်။ ကပုန်းအသင်းမှ လက်ခံရရှိသော အလှုငွေစာရင်းမှာ ဦးဇော်ဇော်က အမေရိကန်ဒေါ်လာနှစ်သောင်း၊ ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာငါးသောင်း၊ အဆိုတော်စံလင်းမှ မြန်မာငွေကျပ် ၁၅ဝဝဝဝ ၊ ကလျာ ဏမိတ္တအသင်းမှ ကျပ် ၆၅ဝဝဝ၊ ပရီမီယာကော်ဖီမှ လေယာဉ်လက်မှတ် ၅ဝဝ စာ တို့ ဖြစ်သည်။
Ref..mizzimaburmese

No comments:

Post a Comment