Pages

19.6.13

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရ



အိန္ဒိယနိုင်ငံ၌ မြို့တော်ဒေလီ အပါအဝင် မြောက်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ အရေအတွက် တိုးလာနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်များကြောင့် ဥတ္တရာခန်း ပြည်နယ်တွင် အနည်းဆုံး လူပေါင်း ၄ဝ သေဆုံးခဲ့ပြီး ဥတာပရာဒေ့ရှ် ပြည်နယ်၌ အနည်းဆုံး ၁၅ ဦးနှင့် ဟီမာချာပရာဒေ့ရှ် ပြည်နယ်၌ အနည်းဆုံး ၁ဝ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဥတ္တရာခန်း ပြည်နယ်၌ အဆောက်အအုံ ၁၅ဝ ကျော် ပျက်စီးသွားပြီး တစ်အိမ်ထက်မနည်းသော အဆောက်အအုံတို့မှာ မျောပါသွားမှုများရှိသည်ဟု ဆိုသည်။ လူဦးရေခုနစ်ဦး ပျောက်ဆုံးနေခဲ့ပြီး လေတပ်ဖွဲ့ ရဟတ်ယာဉ်များဖြင့် ၄၅ ဦးခန့် ကယ်ဆယ်ထားရသည်ဟု သိရသည်။ အဆိုပါဒေသရှိ ဘုရားဖူးလာ ဧည့်သည် ၆ဝဝဝဝ ခန့်မှာ ဗိမာန်များ၊ အဆောက်အအုံများ၌ ခိုလှုံနေရသည်ဟု ဆိုသည်။ (ဘီဘီစီ)
Ref: Khitlunge

No comments:

Post a Comment