Pages

20.6.13

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အသက် ၉၈ နှစ်အရွယ်ရှိ အမျိုးသားကြီးအား တရားစွဲဆို


ဟန်ဂေရီ နိုင်ငံမှ အစိုးရ ရှေ့နေများသည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂျူးလူမျိုးများကို အော့ရှဝစ် အကျဉ်းစခန်းသို့ ပို့ဆောင်ရာတွင် အကူအညီပေး ခဲ့သူတစ်ဦးကို ဇွန် ၁၈ ရက်တွင် တရားစွဲဆိုခဲ့ကြောင်းသိ ရှိရသည်။

လက်ဇလို ဆက်တာရီ အမည်ရှိ ၎င်းအမျိုးသားကြီးသည် စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ Simon Wiesenthal Centre's မှ အလိုရှိသော  တရားခံ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ အသက် ၉၈ နှစ်အရွယ်ရှိ ဆက်တာရီသည် ၁၉၄၄ ခုနှစ်တွင် နာဇီပိုင်နက် ဖြစ်ခဲ့သော ဆလိုဗက်ကီးယား နိုင်ငံ အရှေ့ပိုင်းရှိ ကိုဆိုက်မြို့တွင် ရဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ဂျူးလူမျိုးများကို နှိပ်စက် ညှဉ်းပန်းခြင်းနှင့် အကျဉ်း စခန်းများသို့ ပြည်နှင်ဒဏ် ပေးခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ဆက်တာရီသည် ၎င်းပြစ်မှုအတွက် သေဒဏ်ချ ခံခဲ့ရသူဖြစ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်မှာ ဆယ်စုနှစ်များ စွာကြာခဲ့ပြီ ဖြစ်သည်။ ၎င်းအား ဟန်ဂေရီ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် ဇူလိုင်တွင် ဘူဒါပက်စ်မြို့တွင် အကျယ်ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
Ref: myawady

No comments:

Post a Comment