ပညာရေးပြပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ)
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ တက္ကသိုလ်များ ပူးပေါင်း၍ ပြသသည့်
နှစ်နိုင်ငံရှိ တက္ကသိုလ်များ အကြောင်း ပညာရေးပြပွဲကို ရန်ကုန်တက္ကသိုလ်၊
စိန်ရတုခန်းမ၌ ဇွန် ၁၃ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သည်။
အဆိုပါ ပညာရေးပြပွဲသို့ ထိုင်းနိုင်ငံမှ Office of the Higher Education
Commission၊ Assumption University၊ Bankok University၊ Chulabhorn
Graduate Institute၊ Dusit Thani College၊ Shinawatra University၊ Siam
University၊ University of Thai Chamber of Commerce၊ Burapha University၊
Chiang Mai University၊ Chulalongkorn University၊ Kasetsart University၊
Khon Kaen University၊ Mae Fah Luang University၊ Mahasarakham University၊
Mahidol University Naresuan University၊ Prince of Songkla University
Rajamangala University of Technology Isan၊ Ramkhamhaeng University၊
Silpakorn University၊ Srinakarinwirot University၊ Suranaree University
of Technology၊ Suratthani Rajabhat University Thammasat University၊
Walailak University နှင့် မြန်မာတက္ကသိုလ်များ ပါဝင်ပြသခဲ့ပြီး နှစ်နိုင်ငံ
အဆင့်မြင့် ပညာကဏ္ဍ ပညာရေး ဆွေးနွေးမှုများကိုလည်း အပြန်အလှန်
ဆွေးနွေးခဲ့သည်။
''ဒီနေ့ပွဲကတော့ မြန်မာ-ထိုင်း အဆင့်မြင့်
ပညာကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေး အတွက် စုပေါင်းကျင်းပတဲ့ပွဲပါ။ သူ့ရဲ့
ရည်ရွယ်ချက်ကတော့ ၂၀၁၅ ခုနှစ်မှာ Asean Community တည်ထောင်ရေးအတွက် Work
plan တွေ ရေးဆွဲဖို့အတွက် ကျင်းပတာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ နှစ်နိုင်ငံ
အဆင့်မြင့်ပညာ ကဏ္ဍအတွက် ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ကို ဖလှယ်တာ ဖြစ်ပါ
တယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ဆိုသည်။
ပြပွဲသို့
ထိုင်းနိုင်ငံမှ တက္ကသိုလ် ၂၃ ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်
မြန်မာတက္ကသိုလ် ၄၇ ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး
ထိုင်းနိုင်ငံဘက်မှ တက္ကသိုလ် ၂၃ ခု နှင့် မြန်မာနိုင်ငံရှိ အဆင့်မြင့်
ပညာကဏ္ဍမှ ပညာရေး သတင်းအချက်အလက်ဆိုင်ရာ ပြခန်းရှစ်ခန်းတို့
ပါဝင်ပြ သခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment