Pages

21.6.13

၈၀ကျော်မှ ကံပေါ်ခဲ့သူ

 
ဗိတိန်နိုင်ငံမှ ဖီးလစ်စ်ကွတ်ခ်အမည်ရှိ အမျိုးသမီးကြီး တစ်ဦးသည် အသက် ၈၅ နှစ် အရွယ်ရောက်မှ သူမ၏ ပထမဆုံး သတို့သမီး ဘဝကို ရရှိခဲ့သည်ဟု သိရသည်။ ဖီးလစ်စ်သည် ၂ဝဝ၈ ခုနှစ်တွင်သူမနှင့် စေ့စပ်ထားသော အမျိုးသား ကွယ်လွန်သွားပြီး ချိန်မှစ၍ သူမ၏ ချစ်ကြိုး ပျောက်ပျက် သွားခဲ့ပြီး မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပြီဟု တွေးထင်ခဲ့သည်။

ထို့ပြင် သူမ၏ စိတ်ကူးယဉ် မေတ္တာ ဇာတ်လမ်းနှင့် ပတ်သက်၍လည်း သူမ၏ မိဘများက မနှစ် သက်ခဲ့သောကြောင့် မည်သည့်အခါမျှ လက်ထပ်ခွင့် မရခဲ့ပေ။ ထို့ကြောင့် အသက်အရွယ် ရလာသော အချိန်တွင် နေအိမ်၌ သူမတစ်ဦးတည်း အထီးကျန်စွာ နေထိုင်ခဲ့ ရသည်။ ထို့ကြောင့် သူမသည် ပြီးခဲ့သည့်နှစ်က ဘိုးဘွားရိပ်သာ တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာမှ သူမ၏ ဘဝကြင်ဖော် ဖြစ်လာမည့် အသက် ၈၆ နှစ် အရွယ် အမျိုးသားကြီး တစ်ဦးနှင့် တွေ့ဆုံ ခဲ့ရခြင်း ဖြစ်သည်။

သူမ၏ ကြင်ဖော် ဖြစ်လာခဲ့သည့် ဂျွန်ပလွန်မာ အမည်ရှိ အဆိုပါ အမျိုးသားကြီးသည် သူမနှင့် လက်မထပ်မီ နှစ်ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ဖူးကြောင်း၊ ယခင်က ဥယျာဉ်အလုပ် လုပ်ကိုင် ခဲ့ဖူးကြောင်း သိရသည်။

ယခုအခါတွင် ဂျွန်ပလွန်မာနှင့် ဖီးလစ်စ်တို့ နှစ်ဦးသည် ကန်တာဘာရီမြို့ရှိ St. Mildred's ဘုရားကျောင်းတွင် ဇွန် ၁၄ ရက်က လက်ထပ် ထိမ်းမြားခဲ့ကြပြီး ဘိုးဘွားရိပ်သာတွင် နေထိုင်သည့် အသစ်စက်စက် ဇနီး မောင်နှံဖြစ်လာခဲ့ကြောင်း သိရသည်။
Ref: myawady

No comments:

Post a Comment