Pages

26.6.13

ဝါဝါဝင်းရွှေကို Fatherland ကုမ္ပဏီက အသရေဖျက်မှုဖြင့် အမှုဖွင့်

ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေနှင့် Fatherland ဆောက်လုပ်ရေး ကုမ္ပဏီကြား အငြင်းပွားမှုပေါ်ပေါက်နေပြီး သဘောတူစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းပါက ပေးအပ်ထားသော စရန်ငွေ ကျပ် သိန်း၉ထောင် ဆုံးရှုံးမည်ဖြစ်သည်ဟု Fatherland ကုမ္ပဏီက ဇွန်လ ၂၆ရက်နေ့ရက်စွဲဖြင့် ကြေညာလိုက်သည်။

၁၂ထပ် အဆောက်အအုံအား ၂၃ထပ်အဖြစ် ဆူထူးပန်တာဝါတည်ဆောက်ရန် သဘောတူညီမှုအရ မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေသည် ကျပ်ငွေ သိန်း ၁၂ဝဝဝ ပေးရမည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၉ထောင်သာ ပေးထားကြောင်း၊ ဒေါ်ဝါဝါဝင်းရွှေ စွပ်စွဲသကဲ့သို့ အောက်လမ်းနည်းဖြင့် လုပ်ဆောင်သည်ကို ငြင်းဆိုကြောင်း၊ ကုမ္ပဏီဖြင့် ဆက်လက်လက်မတွဲနိုင်ဟု ကြေညာသော်လည်း သဘောတူစာချုပ် ဖျက်သိမ်းခြင်း မပြုနိုင်သည်အထိနှင့် တရားရုံးမှ အမိန့်တစ်စုံတစ်ရာ မချမှတ်သေးသည်အထိ လုပ်ငန်းခွင်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Fatherlandကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကို ဂုဏ်သရေထိခိုက်စေရန် ပြောဆိုမှု။  အောက်လမ်းနည်းသုံးသည်
ဆို သာ စွပ်စွဲမှုနှင့် နစ်နာကြေးပေးရန် တရားမမှုဖြင့် အမှုဖွင့်ထားကြောင့် ဆိုသည်။
 
Ref: Kamayut Media

No comments:

Post a Comment