Pages

13.7.13

မြန်မာနိုင်ငံရှိ အဓိက ဘာသာကြီးများ၏ ခေါင်းဆောင်များ ကြေညာချက် တစ်ရက်ထုတ်ပြန်

ဇွန်(၂၇)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချဲလ်တည်ခင်းဧည့်ခံသော နံနက်စာစားသုံးရင်း မြန်မာနိုင်ငံရှိ အဓိကဘာသာကြီးများ၏ ခေါင်းဆောင်များ သည် ကြေညာချက်တစ်ရက် ထုတ်ပြန်ရန် တိုင်ပင်သဘောတူခဲ့ကြသည်။

ထို့နောက် ယင်းခေါင်းဆောင်များသည် ဘာသာရေးဆိုင်ရာဟန်ချက် ညီရေးနှင့် ငြိမ်းချမ်းရေးအတွက်ပိုမိုအလေးထားရန်ရည်ရွယ် သည့်ကြေညာ ချက် တစ်ရပ်ကို ဇူလိုင်(၈)ရက်နေ့တွင် လက် မှတ်ရေးထိုးကြကာ ဇူလိုင် (၁၀)ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။


အဆိုပါကြေညာချက်ကို သီတဂူဆရာတော်၊ ဒေါက်တာ ဦးပညာသီဟ၊ ဦးဟန်၊ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ဆရာတော် ချားစ်ဘို၊ မြန် မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်များကျောင်းတိုက် အမှုဆောင် အတွင်းရေးမှူး မာ့ခ်တင်ဝင်း၊ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်နှင့် ဦးတင်မြင့်တို့က လက်မှတ်ရေးထိုးထုတ်ပြန် လိုက်ခြင်းဖြစ် သည်။

PP
Popular Myanmar News Journal

No comments:

Post a Comment