Pages

17.7.13

သမ္မတဦးသိန်းစိန်နဲ့ ပြင်သစ် သမ္မတ တို့ တွေ့ဆုံ

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ပြင်သစ် သမ္မတ ဖရန်စွာ အော်လွန်း နဲ့ ပြင်သစ် နိုင်ငံ ပါရီမြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့  မနေ့ ကတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ ရယူဖို့ အတွက် မြန်မာသမ္မတဟာ ဥရောပကို နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။



အခုခရီးစဉ်မှာ မြန်မာ သမ္မတဟာ UNESCO ညွှန်ကြားရေးမှူး နဲ့ လည်း တွေ့ဆုံခဲ့တဲ့ အကြောင်း သမ္မတရဲ့ပြောခွင့်ရသူ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဒီနှစ်အကုန်မှပဲ လွတ်ပေးမှာဖြစ်တဲ့ အကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့ က ဗြိတိန်နိုင်ငံကို ရောက်ရှိနေတုန်းမှာ မြန်မာသမ္မတက ကတိပေး ပြောကြားခဲ့ပါတယ်။

လွတ်လပ်ရေး ရပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဆုံးသတ်လာနိုင်တော့မယ် အခြေအနေတွေကိုလည်း ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အနေနဲ့ အပြောထက် အလုပ်နဲ့ သက်သေပြတာကို လိုလားတဲ့ အကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန် (Credit: AFP)

No comments:

Post a Comment