နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဂျွန်နီဒက်ပ်က သရုပ်ဆောင်အလုပ်တွေကနေ
မကြာမီ အနားယူတော့မယ်လို့ ပြောကြားခဲ့ကြောင်း film-news.co.uk မှာ
ဖော်ပြထားပါတယ်။
အသက် ၅၀
အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုများစွာ ရရှိနေတဲ့
ဂျွန်နီဒက်ပ်က သူ့အနေနဲ့ ၂၀၁၅ မတိုင်မီ ရုပ်ရှင်ဇာတ်ကားအချို့မှာ
ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပေမယ့် သရုပ်ဆောင် အလုပ်တွေကနေ အနားယူဖို့
စဉ်းစားနေပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“အခုချက်ချင်းကြီး
အနားယူတော့မယ်လို့တော့ ကျွန်တော်မပြောပါဘူး၊ ဒါပေမဲ့ သိပ်မကြာခင်မှာ
အနားယူတော့မယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ ဂျွန်နီဒက်ပ်က The
Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။
ဂျွန်နီဒက်ပ်ဟာ အသက် ၂၀
ကျော်အရွယ်မှာတင် A Nightmare on Elm Street ၊ 21 Jump Street
စတဲ့ဇာတ်ကားတွေနဲ့ နာမည်ရလာခဲ့ပြီး Pirates of The Caribbean ဇာတ်ကားတွေ
အပါအဝင် နာမည်ကျော်ရုပ်ရှင် ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ
ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ဂင်းနစ်စံချိန်
တင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
ဒါပေမဲ့
ကမ္ဘာတစ်ဝန်းမှာ ယခုရုံတင်ပြသလျက်ရှိတဲ့ ဂျွန်နီဒက်ပ်ရဲ့ ဇာတ်ကားသစ် Lone
Ranger ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး Box Office ရဲ့ ဝင်ငွေ
အကောင်းဆုံး ဇာတ်ကားစာရင်းမှာလည်း အောက်နားမှာ သာ ရပ်တည်နိုင်ခဲ့ပါတယ်။
Lone Ranger ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ဒေါ်လာ ၂၁၅
သန်းကုန်ကျခဲ့ပြီး ကမ္ဘာတစ်ဝန်း ရုံတင်ပြသရာမှာတော့ ဒေါ်လာ ၁၆၅ သန်းသာ
ရရှိခဲ့တဲ့အတွက် ထုတ်လုပ်သူတွေ အနေနဲ့လည်း အရှုံးပေါ်ခဲ့ပါတယ်။
Lone
Ranger ဇာတ်ကား အောင်မြင်မှုမရတာကို စိတ်ပျက်မိသလားလို့ မေးတဲ့အခါမှာတော့
ဂျွန်နီဒက်ပ်က“ဟင့်အင်း မပျက်ပါဘူး။ ကျွန်တော်က ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး
မျှော်လင့်ချက် အများကြီး မထားထားပါဘူး။ တခြားသူတွေကသာ မျှော်လင့်နေကြတာပါ”
လို့ ဖြေကြားခဲ့ကြောင်း သိရပါတယ်။
The Voice Weekly
No comments:
Post a Comment