ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး
မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုမှာ အဓိကတာဝန်ရှိသူ အဖြစ်နဲ့ ထောင်ဒဏ်လေးနှစ်
ကျခံနေရတဲ့ ဒေါက်တာကွန်ရက်ဒ်မာရေး ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ
ထောင်ကလွတ်တော့မယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။
ဒေါက်တာကွန်ရက်ဒ်မာရေးဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကမှ ထောင်ဒဏ်လေးနှစ်
ပြစ်ဒဏ်ကို စပြီးကျခံခဲ့တာ ဖြစ်ပေမယ့် ထောင်ထဲမှာ နေထိုင်စဉ်အတွင်း
ကောင်းမွန်စွာ နေထိုင်ခဲ့တဲ့အတွက် အခုလို ၂ နှစ်မပြည့်မီမှာပဲ
အာဏာပိုင်တွေက သူ့ကို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
“သူက
စံပြအကျဉ်းသားတစ်ယောက်လို နေထိုင်ခဲ့လို့ အာဏာပိုင်တွေက သူ့ကို
အခုလိုစောစောစီးစီး လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ ကယ်လီဖိုးနီးယား
အကျဉ်းထောင်မှာ အကျဉ်းသားတွေ အရမ်းများနေတာကြောင့် လူလျှော့ချင်တာလည်း
ပါပါလိမ့်မယ်” လို့ ဒေါက်တာကွန်ရက်ဒ်မာရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါက်တာကွန်ရက်ဒ်မာရေးဟာ မိုက်ကယ်လ်ဂျက်ဆင်ကို နာကျင်ကိုက်ခဲမှု
လျော့ပါးသက်သာစေတဲ့ ပရိုပိုဖောလ်ကို သေစေနိုင်လောက်တဲ့ ပမာဏအထိ
တိုက်ကျွေးခဲ့တဲ့ အတွက် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။
ကွန်ရက်ဒ်မာရေးကို အခုလို စောစောစီးစီး လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာကို မိုက်ကယ်လ်ဂျက်ဆင်ရဲ့ မိသားစုကတော့ မကျေနပ်ပါဘူး။
“ကျွန်မက ကျွန်မရဲ့သားကို ဘယ်တော့မှ တွေ့ခွင့်မရတော့မယ့် အချိန်မှာ
သူ့ရဲ့အမေကကျတော့ သူ့သားကို စောစောစီးစီး ပြန်တွေ့ခွင့်ရတာ ဘယ်တရားမလဲ”
လို့ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ မိခင်ကက်သရင်း ဂျက်ဆင်က ပြောပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ မိသားစုကတော့ မာရေးဟာ မိုက်ကယ်လ်ကို သတ်တဲ့သူပဲလို့
မြင်နေကြောင်း မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ နီးစပ်သူတစ်ဦးက
ပြောကြားတယ်။
The Voice Weekly
No comments:
Post a Comment