သုက်ကောင် မထုတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ
မြင့်မားတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါ တယ်။ အသက် ၃၀ မတိုင်ခင် သုက်ရည်ထဲ
သုက်ကောင် မပါဝင်လာတဲ့ အမျိုးသားတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေ ရှစ်ဆ ပိုမို
မြင့်မားတယ် လို့ သိရပါတယ်။
ကင်ဆာ ဖြစ်နိုင်ခြေဟာ မိမိ အသက်အရွယ်ထက် ၁၀ နှစ်ခန့် ကြီးသူတွေနဲ့
တူညီတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံမှာ ကလေးမရတဲ့ အမျိုးသားတွေနဲ့
သုက်ကောင် မပါဝင်တဲ့ အမျိုးသားတွေ များပြားကြတယ်လို့ သိရပါတယ်။ အမေရိကန်
အမျိုးသား လေးသန်းခန့် ရှိကြပြီး အသက် ၁၄ နှစ် မှ ၂၅နှစ် အရွယ် တွေမှာ ၁၅
ရာခိုင်နှုန်းခန့်ဟာ ကလေးမရ နေနိုင်ဘူးလို့ သိရပါ တယ်။ တခြား လေ့လာမှုတွေ
အရလည်း အမျိုးသားတွေမှာ ကလေး မရနိုင်တာဟာ ဝှေးစေ့ကင်ဆာနဲ့ ဆက်စပ်မှု
ရှိတယ်လို့ တွေ့ရှိထားပါတယ်။ သုက်ကောင် မထွက်ရတဲ့ အကြောင်းရင်း နှစ်မျိုး
ရှိပါတယ်။
သုက်ကောင်ထွက်ရာ လမ်းကြောင်း ပိတ်ဆို့နေတာကြောင့်
ဖြစ်ပြီး နောက်တစ်မျိုးက ဝှေးစေ့က သုက်ကောင် လုံလုံလောက်လောက်
မထွက်နိုင်တာကြောင့်လို့ သိရ ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကလေးမရနိုင်တဲ့
အမျိုးသားပေါင်း ၂၂၃၈ ယောက်ထဲမှ ၂၉ ယောက်ဟာ ၅ ဒသမ ၈ နှစ် အတွင်း ကင်ဆာ
ဖြစ်သွားတယ်လို့ သိရပါတယ်။ ဦးနှောက်၊ ဆီးကျိတ်၊ အစာအိမ်၊ မှဲ့၊ Lymp
အကျိတ်၊ ဝှေးစေ့နဲ့ အူလမ်းကြောင်း ဆိုင်ရာ ကင်ဆာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မျိုးရိုးဗီဇကြောင့် သုက်ရည်ထဲ သုက်ကောင် မပါလာတာ ဖြစ်ပြီး ကင်ဆာဖြစ်ဖို့
အန္တရာယ် အလွန် များတယ်လို့ သိရပါတယ်။ မိမိရဲ့ သုက်ရည်မှာ သုက်ကောင်
မပါနိုင်မှန်း စောစောစီးစီး သိရှိပြီး ဆေးကုသမှု ခံယူရင် ကင်ဆာ ဖြစ်နိုင်ခြေ
လျော့ကျသွားတယ်လို့ သုတေသီတွေက ပြောကြားပါတယ်။
Good Healths
No comments:
Post a Comment