အင်းဝစာအုပ်တိုက် နှင့် လင်းလွန်းခင်စာပေတို့ ပူးပေါင်းတင်ဆက်ဖြင့်
တေးသံရှင် ဒေါ်မာမာအေး၏ စာအုပ်များနှင့် ဦးဘုန်း(ဓာတု) မန္တလေး၏
စာအုပ်များအမှတ်တရလက်မှတ်ရေးထိုးပွဲအခမ်းအနားကို
ဇူလိုင်လ ၂၆ ရက်၊ညနေ ၃ နာရီက ပန်းဆိုးတန်းလမ်းမရှိ၊ အင်းဝစာအုပ်တိုက်တွင်
ကျင်းပခဲ့ပါတယ်။ တေးသံရှင် ဒေါ်မာမအေးက ရင်ဖွင့်ကြည့်ပါသူငယ်ချင်း၊ မမအေးတို့တေးဥယျာဉ်၊ ပြောပြစရာတွေလဲ တစ်ပုံကြီး စာအုပ်များကိုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
တွင်း(အတွေးစကား)၊ နီးနီးဝေးဝေးအတွေးလက်ဆောင်၊
ငှက်တစ်ကောင်၏အတွေးရနံ့(စင်ကာပူ၊မလေးရှား၊ ခရီးသွားအတွေးရသစာစု)၊ အဖေ့အိမ်၊ သုညအတွေးရသစာစု၊ သံစဉ်များနှင့်ကမ္ဘာ၊ အတွေးလက်ဆောင်ဒိုင်ယာရီ၊ ကြက်ရိုးဒဿန၊
သတ္တိရှိတဲ့ မြက်ပင်များ (နေ့စွဲအတွေးရသစာစု) စာအုပ်များကို ဦးဘုန်း(ဓာတု)မန္တလေးက လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
P.067
Popular Journal
No comments:
Post a Comment