Pages

11.7.13

မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ်တွင် အင်္ဂလိပ်စာ ကျပမ်းစကားပြောပြိုင်ပွဲ ကျင်းပ


မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ် ဇေယျာသီရီခန်းမ ၌ ကျောင်း သား၊ ကျောင်းသူများ အင်္ဂလိပ်စာ ကျပမ်းစကားပြောပြိုင်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့် တွင်ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနား တွင် ဇေယျာပဒေသာေ ဖာင်ဒေးရှင်း ဥက္ကဌ ဒေါက် တာမောင်ထူး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား ၊ကျောင်းသူ (၁၀) ယောက် တို့မှ ပြောကြားရမည့် ခေါင်းစဉ်များကို မဲနှိုက် စနစ်ဖြင့် ရွေးချယ်ကာ အင်္ဂလိပ် စာ ကျပမ်းစကားပြောကြားခဲ့ရာ ပထမဆုကို မုံရွာ ကွန်ပြူတာတက္ကသိုလ် တတိယနှစ်မှ မမိမိချစ်မွန်၊ ဒုတိယဆုကို ပထမနှစ်မှ မောင်ခန့်မင်းကို နှင့် တတိယဆုကို ဒုတိယနှစ်မှ မချောစုလှိုင် တို့မှ အသီးသီး ရရှိကြပြီး ဆုရရှိသူများကို ကျောင်းအုပ် ဆရာကြီး ဒေါက်တာမျိုးဟိန်းဇော် နှင့် မြို့မိမြို့ဖများမှ ထူးချွန်ဆုများ
ပေးအပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားသို့ မုံရွာမြို့ရှိ မြို့မိ ၊ မြို့ဖများ အပါအ၀င် ကျောင်း သား၊ ကျောင်းသူ / ဆရာ၊ဆရာမများ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

Popular Myanmar News Journal

No comments:

Post a Comment