Pages

7.7.13

တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်



နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားအား ဇူလိုင် ၆ ရက်က တွေ့ရစဉ် 

တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၆ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ 

"ကျွန်တော်တို့ အနေနဲ့ ၂၀၁၅ ခု အကုန်မှာ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်က ပြည်သူတွေ အားလုံးအတွက် ချေးငွေထုတ်ပေးနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းအတွက် ကျပ်ငွေဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီငွေကြေး အရင်း အနှီး ရရှိရေးအတွက် ပြည်တွင်အားကို ရယူဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း ပြည်တွင်းအား တစ်ခုတည်းနဲ့ မလုံလောက်နိုင်တဲ့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။ 

အသေးစားချေးငွေ လုပ်ငန်းများကို အခြေခံပြီး သမ၀ါယမ အသင်းများအား စက်မှုလယ်ယာ ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှုတန်ဖိုးမြင့် ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ၀န်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သွားမှာဖြစ်ပြီး မျိုးကောင်းမျိုးသန့် ထုတ်လုပ်သည်မှ ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့၊ ကြိတ်ခွဲ ရောင်း ချသည်အထိ Commodity Supply Chain တစ်ခုလုံး ဖြစ်လာအောင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပြည်ပ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ ၀န်ကြီးများ၊ UNDP၊ FAO JICAE နှင့် အစရှိသည့် တာဝန်ရှိလူကြီးများ တက်ရောက်ခဲ့ကြသည်။
 

EMG

No comments:

Post a Comment