Pages

14.7.13

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ သောက်သုံးရေအတွက် အလှူခံမည်

တေးသီချင်းများဖြင့် အလှူခံ၍ လူမှုရေး လုပ် ငန်းများ ဆောင် ရွက်ပေးနေသော လွတ် လပ်ငြိမ်း ချမ်း ပန်းရဲ့လမ်း အဖွဲ့သည် မန္တလေးတိုင်းေ ဒသကြီး အတွင်းရှိ မြို့နယ်များတွင် ရေအ ခက် အခဲ ဖြစ်နေသူများအတွက် အလှူခံ မည် ဖြစ်ေ ကြာင်း ယင်း အဖွဲ့ဝင် ဦးသားထွေး က ပြောကြားသည်။


မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာဒေသများသို့ ဇူလိုင်လ ၂၅ ရက်နေ့တွင် လေးရက်ကြာ သွားရောက်၍ တေးသီချင်း ဖျော်ဖြေ၍ အလှူခံမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေသော မြို့နယ်များတွင် အစိုးရက စက်ရေတွင်းများ တူးဖော်ပေးသော်လည်း ထွက်ရှိလာသည့် ရေများမှာ သံချေးရောင်
ကဲ့သို့ ချဉ်ငန်ရေများသာ ထွက်ရှိသဖြင့် သောက်သုံး၍ မရကြောင်း ယင်းဒေသများသို့ ရေများသွားရောက် လှူဒါန်းဖူးသူ ကျောက် ပန်းတောင်းမြို့နေ ဦးမျိုးကိုကိုက ပြောကြားသည်။

“စက်ရေတွင်းမရှိတဲ့ ကျေးရွာတွေဆို အလှူရှင်တွေလှူတဲ့ သောက်သုံးရေ ကိုပဲ အားကိုးနေရတယ်” ဟု ၎င်းကဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၆၇ ရွာခန့်ရှိပြီး ကျေးရွာ ၁၀၀ ကျော်ခန့်မှာ သောက်သုံးရေ ခက်ခဲလျက်ရှိကာ တစ်အိမ်ထောင်လျှင် တစ်ရက်ရေဖိုး ၃၀၀ ကျပ်ခန့် ကုန်ကျနေကြောင်း ကျောက်ပန်းတောင်းမြို့ခံ ဦးဇော်မင်းလတ်ကလည်း ရှင်းပြသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပုဂံ၊ ညောင်ဦးဒေသ တို့တွင် သောက်သုံးရေ မလုံလောက်မှုများ ကြုံတွေ့နေရပြီး လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့က အလှူငွေ ကောက်ခံရရှိမှုကို ရေရရှိရေး ကူညီဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများနှင့် သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ဦးသားထွေးက ပြောကြားသည်။

ယင်းအဖွဲ့သည် မြန်မာနိုင်ငံ အနှံ့အပြား ဂီတဖျော်ဖြေပွဲများဖြင့် ကျပ်သိန်း ၂၅၀၀ ခန့်ရရှိခဲ့ပြီး ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသအတွက် သိန်း ၂၀၀၀ ခန့်နှင့် ကျန်သိန်း ၅၀၀ ခန့်ကို ပညာရေးများအတွက် လှူဒါန်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment