အကြံ့ခိုင်ဆုံးသူများ ခါကာဘိုရာဇီတောင်တက်ကြမည်
မြန်မာနိုင်ငံ၌သာမက အရှေ့တောင်အရှတွင် အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူငယ် ခြေလျင် တောင်တက် သမားများတက်ရောက်နိုင်ရန်
နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ တောင်တက်သင်တန်း ကျောင်းသို့
သင်တန်းသားများအား ရွေးချယ်ပို့လွှတ်သွားမည်ဟု သဘာဝခေါ်သံ
ဖောင်ဒေရှင်းတောင်တက် အသင်းမှ သိရှိရသည်။
ခါကာဘိုရာဇီ တောင်ထိပ်အကျယ်အ၀န်းမှာ တစ် မီတာပတ်လည်ခန့်သာ
ကျယ်ဝန်းသောကြောင့် တောင်ပေါ်သို့ အကြံ့ခိုင်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦးမှ
လေ ဦးခန့်သာ ရွေးချယ်တက်ရောက်စေမည်ဖြစ်ပြီး ကျန်အဖွဲ့ဝင်များမှာ တောင်ခြေမှလိုအပ်သော အကူအညီများကို ထောက်ပံ့သွားမည်ဟု သိရှိရသည်။
“ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ကို မြန်မာတောင်တက်လူငယ်တွေ
တက်ရောက်နိုင်စေချင်တယ်။ ပြီးခဲ့တဲ့ နှစ်က တောင်ခြေအထိသွားပြီး
လိုအပ်တဲ့အချက်အလက်တွေ ယူလာခဲ့ပြီးပြီ။ လိုအပ်တဲ့နည်းပညာတွေကို အိန္ဒိ ယနဲ့
နီပေါနိုင်ငံတွေက တောင်တက်သင်တန်းကျောင်းတွေကို ရွေးချယ်စေလွှတ်ဖို့ရှိတယ်” ဟု သဘာဝ ခေါ်သံ ဖောင်ဒေးရှင်းဥက္ကဌ ဦးမျိုးသန့်က ပြောသည်။
လေ့ကျင့်ရေးခရီးစဉ်များအဖြစ်
ပူတာအိုခရိုင်ရှိ ဇီယာရေခဲတောင် (၁၄၀၀၀ ပေ)ခန့် ကိုလည်း အထူးအစီအစဉ် အဖြစ်
တက်ရောက်သွားမည်ဖြစ်ပြီး မိုးကုတ်ဒေသရှိ တောင်မည်းကျောက်တောင် (၇၅၄၄ ပေ)
နှင့်လိုအပ်သည့် တောင်တက်ပစ္စည်းများ စုဆောင်းမှုများကိုလည်း
ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည် နှစ်ကုန်ပိုင်းတွင်
သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ ခါကာဘိုရာဇီ ရှေ့ပြေးခရီးစဉ်အဖြစ် ပူတာအိုမှ
တောင်ခြေအထိ မိုင်ပေါင်း ၃၅၀ ခန့် ခြေလျင်ခရီးနှင့် နှစ် လခန့် ကြာအောင်
သွားရောက်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့အသင်းက
ဒီတောင်ကိုတက်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေရအောင် တောင်ခြေထိ
သွားခဲ့တယ်။ ကျွန်တော်တို့ နည်းပညာတွေ ပစ္စည်းကရိယာတွေ အများကြီးလိုတဲ့အပြင်
စိတ်ဓါတ် ကြံ့ခိုင်ဖို့နဲ့ ထရိန်နင်ကိုလည်း အများကြီးလေ့ကျင့်ရမှာဖြစ်လို့ ၂ နှစ်လောက် အချိန်ယူလေ့ကျင့်မှာပါ” ဟု ရှေ့ပြေးခရီးစဉ် ၌ လိုက်ပါခဲ့သူ ကိုအောင်မြင့်မြတ်က ပြောသည်။
အဆိုပါတောင်တက်ခရီးစဉ်အတွက် လိုအပ်သည့်အကူအညီများရနိုင်ရန် အလှူရှင်များကို ကမ်းလှမ်းထားပြီး သဘာဝခေါ်သံဖောင်ဒေးရှင်း အသင်းဝင်များနှင့် တက္ကသိုလ်ခြေလျင် တောင်တက်အသင်းဝင်ဟောင်းများထံမှ အလှူငွေများကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
၁၉၉၆ ခုနှစ် ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ဂျပန်လူမျိုး
မာစတာအိုဇာကီနှင့် မြန်မာနိုင်ငံသား တိဗက်လူမျိုး လမ်းပြ နမားဂျွန်ဆိန်တို့
ပထမဆုံးတက်ရောက်နိုင်ခဲ့ပြီး ယခုအချိန်ထိ မည်သူမျှတက်ရောက်နိုင်ခြင်း မရှိသေး ပေ။
ခါကာဘိုရာဇီတောင်မှာ ရေခဲ၊ကျောက်သားများနှင့် ၁၉၂၉၆ ပေအမြင့်ရှိပြီး ပထမဆုံးတက်ရောက်နိုင်ခဲ့သော ဂျပန်လူမျိုးတောင်တက်သမား အိုဇာကီမှာ ပြီးခဲ့သည့်နှစ်က ဧ၀ရတ်တောင်တက်ရင်း သေဆုံးသွားခဲ့သည်။
http://myitmakhamediagroup.com/news/ပြည်သူ-့သတင်း/
No comments:
Post a Comment