ရန်ကုန်မြို့တော်တွင် ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စဉ်များ ကို
လေ့လာကြည့်မည် ဆိုပါကယာဉ်ရပ်နားရန် နေရာ (ကားပါကင်) များ တွင်
စည်းမဲ့ကမ်းမဲ့ ယာဉ် ရပ်တန့် နားနေမှုများလည်း ပါဝင်နေ သည်ဖြစ်ရာ ယင်းအတွက်
ရန်ကုန်မြို့တော်တွင် ယာဉ်ရပ်နားခွင့် ကောက်ခံမှုများ ဖျက်သိမ်းခြင်း အပေါ်
ပြန်လည် သုံးသပ် သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် ယာဉ် ရပ်နားခွင့် ကောက်ခံမှုများကို မတ်လ အတွင်းက
ဖျက်သိမ်းခဲ့ရာ ယာဉ် ရပ်နား ရန်နေရာများတွင် စနစ်တကျ
ရပ်တန့်နားခြင်းများကို မပြုလုပ်ကြဘဲ ကြုံသလို ရပ်တန့်ထားခြင်း၊ အချို့
လမ်းမကြီး နံဘေးတွင် နှစ်ထပ်သုံးထပ် အထိပင် ရပ်နားထားခြင်း ဖြစ်နေသည့်
အတွက် လေးလမ်းသွား၊ နှစ်လမ်းမောင်း လမ်းမကြီးများတွင် ယာဉ်ကြော တစ်ခုစီသာ
အသုံးပြုနိုင်ပြီး ယာဉ် စက်ပျက်ခြင်း သို့မဟုတ် လမ်းဆုံများတွင် အချက်ပြ
မီးပွိုင့်များ ချွတ်ယွင်းမှုများ ရှိပါက ယာဉ်တန်းများသည်
ပိတ်ဆို့ကျပ်တောင့် နေသဖြင့် လေးငါးနာရီ အထိ အချိန် ကုန်အောင် စောင့်ဆိုင်း
နေရတတ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တော် တွင် ယာဉ်ရပ်နားခွင့်
ကောက်ခံမှုများ ဖျက်သိမ်းခြင်း အပေါ် ပြန်လည် သုံးသပ်သင့်ကြောင်း ကုန်းလမ်း
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက
ပြောကြားခဲ့သည်။
''ယာဉ်ကြော ကျပ်တောင့် ပိတ်ဆို့မှု ဖြစ်ပေါ်စေတဲ့
အချက်တွေ ထဲမှာလည်း လုံလောက်တဲ့ ကားပါကင်တွေ မရှိတာလည်း ပါတယ်။ ဒါပေမဲ့
လုံလောက်တဲ့ ကားပါကင်တွေ ရှိတယ်ဆိုတာနဲ့ မပြီးသေးဘူး။ အဲဒီမှာ စနစ်တကျ
ရပ်နားထားကြဖို့ လိုတယ်။ အိမ်မှာ ကားထားစရာ နေရာ မရှိတာနဲ့ ကားပါကင်မှာ
နေ့ရောညပါ ရပ်နား ထားတာမျိုး မရှိသင့်သလို ကြုံသလို သင့်သလို
နှစ်ထပ်သုံးထပ် ရပ်တာမျိုးတွေလည်း မလုပ်သင့် ပါဘူး။ ဒီအတွက် စနစ်တကျ
ဖြစ်အောင် ကားပါကင်ကြေး မကောက်ဘဲ ထားတာကို ပြန်စိစစ် သင့်ပါတယ်။ နောက်
တစ်ခုက မီးပွိုင့်မှာ ကွေ့ကြောအတွက် မီးဝါကို အကြာကြီး ပေးထားတာ အဲဒါလည်း
အလွန် အန္တရာယ်များတဲ့ အတွက် စနစ်တကျ တွက်ချက်ပြီးတော့မှ လုပ်သင့်ပါတယ်'' ဟု
ရန်ကုန်မြို့တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ
အငြိမ်းစား ဒုတိယ ရဲမှူးကြီး တစ်ဦးကလည်း ဖြည့်စွက် ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment