၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြိုင်ပွဲတို့
တွင် နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့သည့် မိုဖာရက်သည် တာတို အပြေးဘုရင်
အူစိန်ဘို့အား ၎င်းတို့ တည်ထောင်ထားသည့် လူမှု အကူအညီ ပေးရေး
ဖောင်ဒေးရှင်းများအတွက် အလှူငွေ ရှာဖွေရန် အပြေးပြိုင်ပွဲ တစ်ရပ်
ပြုလုပ်လိုကြောင်း စိန်ခေါ် ကမ်းလှမ်းမှုကို အူစိန်ဘို့က လက်ခံ စဉ်းစားနေပြီ ဖြစ်ကြောင်း Guardian သတင်းစာတွင် ဖော်ပြထား သည်။
ဗြိတိန်နိုင်ငံသား မိုဖာရက်သည် ဝင်ငွေ ကျဆင်းနေသည့် ၎င်းတည်ထောင် ထားသည့်
ဖောင်ဒေးရှင်း အတွက် အလှူငွေများ ရရှိရန် ထိုကဲ့သို့ ကမ်းလှမ်း ရာတွင်
ဂျာမေကာ တာတို ချန်ပီယံအား ကြိုက်နှစ်သက်ရာ မီတာ အကွာအဝေးကို ဦးစားပေးကာ
ရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။
ဖာရက်နှင့် အူစိန်ဘို့တို့၏
ပြိုင်ပွဲ ဖြစ်မြောက်ရေး အဖွဲ့အစည်းက ပရိသတ် များအနေဖြင့် အိမ်ကွင်း၊
အဝေးကွင်း ခရီး အကွာအဝေး အပေါ် နှစ်သက်မှု မရှိသည်ကို မိမိတို့အနေဖြင့်
စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မိုဖာရက်က “သူလည်း
သူရဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ရှာဖွေနိုင်သလို၊ ကျွန်တော့်နေရာမှာ
လည်း ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ရှာပေးသလို
ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေရဲ့ အသံတွေကိုလည်း လေးစား စွာ နားထောင်သွားပါမယ်”
လို့ ဆိုခဲ့သည်။
တာဝေး အပြေးချန်ပီယံ မိုဖာရက်သည် မီတာ ၁၀၀၊ မီတာ
၂၀၀နှင့် မီတာ ၄၀၀ ချန်ပီယံ အူစိန်ဘို့ကို ပြိုင်ပွဲဝင်မည့် မီတာ
အကွာအဝေးကို ဦးစားပေး ရွေးချယ်စေရာ၌ မီတာ ၆၀၀ ပြိုင်ပွဲကို ကြားချ၍
အူစိန်ဘို့ က ရွေးချယ်ခဲ့ကြောင်း အဆိုပါ သတင်းစာ၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် နှစ်ကလည်း ထိုကဲ့သို့ ရန်ပုံငွေ ပြိုင်ပွဲတစ်ရပ် ကျင်းပရန်
တစ်နိုင်ငံတည်းသား လန်ဒန် မီတာ ၈၀၀ ရွှေတံဆိပ်ရှင် ဒေးဗစ် ရှဒီရှာ၏
ကမ်းလှမ်းမှုကိုဖြင့် အူစိန်ဘို့ လွဲချော်ခဲ့သည်။
သို့သော်
ဘို့အနေနှင့် ဖာရက်စ် လူမှု ဖောင်ဒေးရှင်း ရန်ပုံငွေပွဲအတွက် သူ ရရှိခဲ့သည့်
မီတာ ၁၀၀ ပြိုင်ပွဲဝင် ဖိနပ်ကို လှူဒါန်းခဲ့ရာတွင် ထိုဖိနပ်အား လန်ဒန်ရှိ
ဂရော့ဗီနော့ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဧည့်ခံပွဲ၌ လေလံတင် ခဲ့ရာ ပေါင်
၃၉,၀၀၀ အထိ ရရှိခဲ့သည်။
The Voice Weekly
No comments:
Post a Comment