မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်း၍
တိရစ္ဆာန် ကျန်းမာရေးကဏ္ဍရှိ လုပ်ငန်းများကို ယခုနှစ်အတွင်း
တိုးချဲ့လုပ်ဆောင်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (မြန်မာ)မှ
အဖွဲ့ခေါင်းဆောင် Dr.Tony Williams ၏ ပြောကြားချက်အရ သိရသည်။
တိရစ္ဆာန် ကျန်းမာရေးကဏ္ဍရှိ လုပ်ငန်းများ အနက်မှ ခွာနာလျှာနာရောဂါ၊
ဝက်နားရွက်ပြာရောဂါ၊ ကြက်ငှက်တုပ်ကွေး ရောဂါများနှင့် ဆက်စပ်သည့်
လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်မည် ဖြစ်သည်။
''အဖွဲ့အနေနဲ့
တိရစ္ဆာန်ကတစ်ဆင့် လူကိုကူးစက်တဲ့ ရောဂါတွေကို ဦးစားပေး လုပ်နေတယ်။ ဥပမာ-
ကြက်ငှက်တုပ်ကွေး ရောဂါလိုမျိုး လူကိုကူးစက်တဲ့ ရောဂါလိုဆိုရင်
စဖြစ်တယ်လို့ သံသယရှိတဲ့ နေရာတွေကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး
တခြားဒေသတွေကို ပျံ့နှံ့မှု မရှိအောင် ထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်တယ်။
နောက်နယ်စပ် ဒေသတွေကတစ်ဆင့် ပြည်တွင်းကို ကူးစက်မှု မရှိအောင်လည်း
ရောဂါရှိမရှိ စစ်ဆေးမှုတွေလုပ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း
သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင် ပေးနေပါတယ်'' ဟု Dr.Tony Williams က
ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည့်
လုပ်ငန်းများကို EU၊ LIFT၊ OIE စသည့် ပြည်ပ အဖွဲ့အစည်းများနှင့်
ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ရာ ယခုနှစ်အတွင်း ယင်းလုပ်ငန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
Eleven Media Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ မွေးမြူရေးခြံ လုပ်သားတစ်ဦးက နွားများအား စားကျက်လွှတ်လာစဉ်
No comments:
Post a Comment