Pages

25.7.13

အရက်လိုင်စင်ကြေး နှစ်ဆခန့်တက်မည်

ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ရှိ ထုတ်ပေးထားသော အရက်လိုင်စင်များကို အခွန်နှုန်းထား နှစ်ဆခန့် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။


လိုင်စင်ကြေး မြှင့်တင်ပါက အခွန်ထမ်းနိုင်သည့်ဆိုင် ရှိသကဲ့သို့ အခွန်မထမ်းနိုင်သည့် ဆိုင်များလည်း ရှိနိုင်ကာ လက်ရှိ စားသောက်ဆိုင်လိုင်စင် အခွန်ကြေး (FR 17) မှာ ကျပ်ခြောက်သိန်းဖြစ်ပြီး အခွန်နှုန်း ထပ်တိုးပါက တစ်နှစ်စာကျပ်ဆယ်သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ဟင်္သာတမြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တိုးမြှင့်သည့် အခွန်နှုန်းထားများကို သဘောတူထားပြီး ဖြစ်သည်ဟု ကြားသိရပြီး ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့တွင် FR 17 လိုင်စင်အတွက် နှစ်ဆတိုးကာ တစ်နှစ်စာ ကျပ် ၁၂ သိန်းနှုန်းဖြင့် သဘောတူထားသည်ဟု သိရှိရကြောင်း ၎င်းကဆိုသည်။

အရက်လိုင်စင်ကြေး တိုးမြှင့်ကောက်ခံရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူထားပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြထားကြောင်း ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မိုးအောင်က ပြောကြားသည်။

ဟင်္သာတမြို့နယ်တွင် လိုင်စင်ကြေးများကို ယခုနှစ်ဘတ်ဂျက်အ တွက် နှုန်းဟောင်းအတိုင်း ကောက်ခံသွားရန် စီစဉ်နေကြောင်း ၎င်းကပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment