ကုလသမဂ္ဂ၏ အစီရင်ခံစာသစ် တစ်ခုက ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး
အဆီလျော့နည်းသော အင်းဆက် ပိုးမွှားများသည် စားသုံးရန် သင့်တော်သည့်
ရိက္ခာရင်းမြစ် တစ်ခုဟု ဖော်ပြထားသည်။
ကုလသမဂ္ဂ အဖွဲ့ကြီးက လူသားများ အနေဖြင့် အင်းဆက် ပိုးမွှားများကို
စားသုံးခြင်းဖြင့် အနာဂတ်ကာလ
စားနပ်ရိက္ခာ ပြဿနာအတွက် ဖြေရှင်းမှု တစ်ခုထံ
ဦးတည်နိုင်မည်ဟု အကြံပြု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာသစ် တစ်ခုက
ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အဆီလျော့နည်းသော အင်းဆက် ပိုးမွှားများသည်
စားသုံးရန် သင့်တော်သည့် ရိက္ခာရင်းမြစ် တစ်ခုဟု ဖော်ပြထားသည်။
ယင်းရွေးချယ်မှုသည် ကမ္ဘာကြီး ပူနွေးလာမှု၊ ညစ်ညမ်းလာမှုနှင့်
ငတ်မွတ်ခေါင်းပါးမှုတို့ကို တိုက်ဖျက်ရာတွင် အရေးပါသော အထောက်အကူ တစ်ခုဟု
အစီရင်ခံစာတွင် သုံးသပ် ရေးသားထားသည်။ ထို့အပြင် အင်းဆက်များကို
စားနပ်ရိက္ခာအဖြစ် အသုံးပြုခြင်းသည် စီးပွားရေး လုပ်ငန်းငယ်များ
တည်ထောင်မှုအတွက် တွန်းအားလည်း ဖြစ်လာနိုင်ကြောင်း ဆိုသည်။
(၂၀၁၂)ခုနှစ်က Bill and Melinda Gates ဖောင်ဒေးရှင်းက ဒေါက်တာ အေရွန်ဒေါ်ဆီ၏
All Things Bugs ကုမ္ပဏီကို ဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အထူးဆုတစ်ခုကို
ပေးအပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော ဒေါက်တာဒေါ်ဆီနှင့် အဖွဲ့သည်
အင်းဆက်ပိုးမွှားများ၏ ပရိုတင်း အရင်းအမြစ်ကို တွယ်ကျယ်စွာ အသုံးချနိုင်ရန်
သက်သေပြ ဆွဲဆောင်မှု ပြုလုပ်ခဲ့၍ ဖြစ်သည်။ ယင်းအချက်သည် ဖွံ့ဖြိုးမှု
နောက်ကျနေသည့် နိုင်ငံများတွင် ကလေးငယ်များစွာ အငတ်ဘေး ကျရောက်နေမှုကို
တိုက်ဖျက်ရန် စဉ်းစားသင့်သည့် အကြောင်းတရားတစ်ခုဟု လက်ခံခဲ့ကြသည်။
ကမ္ဘာပေါ်တွင် အင်းဆက်ပိုးများကို အစားအသောက်အဖြစ် လက်ခံနေသည့် နိုင်ငံများ
ရှိနှင့်ပြီး ဖြစ်သော်လည်း တွင်တွယ်ကျယ်ကျယ် ဖြန့်ကျက်နိုင်ရန်မှာ
ခက်ခဲမည့် အနေအထားမျိုး ကြုံနေရဆဲ ဖြစ်သည်။ သုတေသီများက အင်းဆက်များစွာကို
မွေးမြူရာမှ ထွက်ပေါ်လာသော ညစ်ညမ်းဓာတ်ငွေ့များသည် ကြီးမားသည့် သက်ရှိ
သတ္တဝါများကို အသားအတွက် မွေးမြူရာမှ ထွက်ပေါ်လာသည့် ညစ်ညမ်းမှုထက်
အဆပေါင်းများစွာ နည်းပါးသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍအတွက်လည်း
အကျိုးဖြစ်စေသည်ဟု ဆိုသည်။ လတ်တလောတွင် ကုလသမဂ္ဂသည် တောင်အာဖရိက
ယင်ကောင်များကို ဓာတ်မြေဩဇာအဖြစ် ပြောင်းလဲ အသုံးပြုမှုနှင့် အော်ဂင်းနစ်
အညစ်အကြေးများကို တိရစ္ဆာန် အစာတွင် အသုံးပြုရန် နည်းလမ်းများအတွက်
လေ့လာနေသော အဖွဲ့အစည်း တစ်ခုကို ဒေါ်လာ တစ်သိန်း ထောက်ပံ့မှု
ပြုလုပ်ထားကြောင်းလည်း သိရှိရသည်။
Planet.com.mm
No comments:
Post a Comment