လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလား အလာသည် သွေးမ လှူသည့်
လူထက် သွေးလှူဒါန်းသည့် လူများတွင် သုံးပုံ တစ်ပုံခန့် နည်းပါး
နိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဦးစိုးထွဋ်က ပြောသည်။
သွေးလှူရှင်တွေ အနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူ လိုက်ရလို့ ကျေနပ်
ပီတိတွေ ခံစား ရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူး တွေလည်း
ရရှိစေပါတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
လူ၏ ခန္ဓာကိုယ်မှ
ထုတ်လုပ် ပေးနေသည့် သွေးကို ပုံမှန်လှူဒါန်း ပေးခြင်းသည် သွေးထဲမှ
ကိုလက်စထရော ပမာဏကို ထိန်းထား နိုင်စေပြီး၊ အထူးသဖြင့် အမျိုးသားများသည်
ပုံမှန် သွေးလှူ ဒါန်းခြင်းဖြင့် ကျန်းမာရေး အကျိုး ကျေးဇူးများ
စေနိုင်ကြောင်း သိရသည်။
အမျိုးသမီးတွေ အနေနဲ့ ရာသီဓမ္မတာကြောင့်
လစဉ် ခန္ဓာကိုယ်ထဲ ကနေ သွေးတွေ ဆုံးရှုံး ထွက်ရှိလို့ သံဓာတ် ပမာဏ လျော့နည်း
ကြပေမယ့်၊ အမျိုးသားများ အနေနဲ့ သွေးလှူဒါန်း မှုကနေပဲ ကိုယ်တွင်းက သံဓာတ်
ပမာဏကို လျော့နည်း စေတာပါ။ ထုတ်လှူလိုက်တဲ့ သွေးနဲ့အတူ ပါသွားတဲ့
သံဓာတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓာတ်တွေ လျော့စေတယ်။
သံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလွန်းနေရင် မကောင်းပါဘူး။ သံဓာတ် တွေက
ကိုလက်စထရော ဖြစ်စေတဲ့ အရာမှာ တစ်ခုအပါ အဝင်ပေါ့။ ကိုလက်စထရော များရင်
နှလုံး ရောဂါနဲ့ လေဖြတ်တာကို ဖြစ်စေတယ်။ဟု ၄င်းမှ ဆိုသည်။
ယင်းကြောင့် ပုံမှန် သွေးလှူဒါန်းသည့် သွေးလှူရှင် များသည်
သွေးလှူခြင်းဖြင့် မလိုလား အပ်သည့် သံဓာတ်ပမာဏကို လျှော့ချနိုင်ပြီး ကိုလက်
စထရောကိုလည်း လျော့နည်း စေကြောင်း သိရသည်။
နောက်အယူအဆ
အမှားတွေလည်း ရှိတယ်၊ တချို့က ထင်ကြတယ်။ သွေးလှူပြီးတဲ့ နောက်ပိုင်း
ကိုယ်အလေးချိန် တိုးပြီး ဝလာမယ်၊ သွေးလှူ လိုက်လို့ အားနည်းမယ်ဆို တာတွေပဲ၊
တကယ်တမ်း ကတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ
ကယ်လိုရီ ၆၅ဝစာ လျော့ကျ စေတာတော့ မှန်တယ်။ ထုတ်လှူလိုက်တဲ့ သွေးတွေကို
အစားထိုး ပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်း အတွင်း
ပြန်လည် ထုတ်လုပ် ပေးပါတယ်။ ဒီတော့ သွေးဆဲလ် အသစ်တွေကို ရရှိစေပါတယ်။
ဒါကြောင့် သွေး လှူဒါန်း တာဟာ လတ်ဆတ်တဲ့ သွေးအသစ်တွေ ရရှိစေပြီး
ကျန်းမာလန်းဆန်း စေပါတယ်ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ဦးစိုးထွဋ်က
ပြောသည်။
ချစ်ဆုဆွေ
မြ၀တီ
No comments:
Post a Comment