Pages

25.7.13

ခရီးသည်တင်လေယာဉ် နယူးယောက်တွင် ဦးစိုက်ဆင်းသက်

နယူးယောက်မြို့၊ လာဂါဒီယာလေ ဆိပ်တွင် ခရီးသည် ၁၅ဝ ဦးတင်ေ ဆာင် လာသော Southwest Airlines ပိုင် ဘိုရင်း 737-700 လေယာဉ်တစ်စင်း သည် ရှေ့ဘီးကျိုးပျက်ကာ ဦးစိုက်ဆင်း ခဲ့ရသည့်အတွက် ခရီးသည် ၈ ဦး ဒဏ် ရာရခဲ့ကြောင်း အွန်လိုင်း သတင်းတစ် ပုဒ်မှ သိရသည်။


အမေရိကန်မြို့များမှ ဝင်/ထွက် သည့် လေယာဉ်များကို အဓိက အားဖြင့် လက်ခံကိုင်တွယ်ရသော လာဂါဒီယာ လေဆိပ်သည် ယခု နက်ဝှဗီးမြို့မှ ခရီး စဉ် ၃၄၅ လေယာဉ်ပျက်စီးမှုအပြီး ခေတ္တ ပိတ်ထားခဲ့ရ သည်။

လေယာဉ်ဆင်းသက်နေစဉ်တွင် ဦးပိုင်းတွင် ထိခိုက်ပျက်စီး ခဲ့သောကြောင့် လေယာဉ်ဦးပိုင်းနှင့် ပြေးလမ်းတို့သည် ထောင့်ချိုးသဏ္ဌာန်ဖြစ်လျက် ရပ်တန့်ခဲ့ ရသည်။ အမြီးပိုင်းတွင် ကယ်ဆယ်ရေး ယာဉ်များ ဝိုင်းရံထားသည်ကို မြင်တွေ့ရ ကြောင်း မျက်မြင်သက်သေနှင့် ရုပ်မြင် သံကြားသတင်းတို့မှ ထုတ်လွှင့်ပြသခဲ့ သည်။

ယခုလ အစောပိုင်းကလည်း Asiana Airlines ပိုင် ဘိုရင်း 777 လေယာဉ်တစ်စင်း ဆန်ဖရန်စစ္စကိုလေ ဆိပ်တွင်ဆင်းသက် စဉ် မြေပြင်အနီး နီး ကပ်စွာပျံသန်းမှုကြောင့် ပျက်ကျခဲ့သဖြင့် လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၁၈ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment