မလေးရှားနိုင်ငံမှ ပြန်ရောက် လာတဲ့ လုပ်သားတွေ အနက် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်ပြီး
အလုပ်လာရောက် လျှောက်ထားသူ ၅၇၅ ဦးခဲ့ရှိပြီး အဲ့ဒီ အထဲကမှ အလုပ်သမား ၅၃၀
ခန့်ကို ပြည်တွင်းမှာ အလုပ်နေရာများ ပြန်လည် ရှာဖွေး ပေးထားတယ်လို့
သိရပါတယ်။
အဲ့ဒီလို
ရှာဖွေပေးမှုမှာ အမျိုးသား ၄၂၆ ဦးနဲ့ အမျိုးသမီး ၁၀၄ ဦးကို ရှာဖွေပေး ထားတာ
ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနမှ
သိရပါတယ်။
အလုပ်ခန့်ထားရာ မှာလည်း ပြည်တွင်းရှိ စက်ရုံ၊
အလုပ်ရုံများ အပြင် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဟိုတယ် ၀န်ထမ်းများ၊
ရုံးဝန်ထမ်းများ အစရှိတဲ့ အလုပ်နေရာတွေ အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့
ချိတ်ဆက်ပြီး ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်
ယခု ဇူလိုင်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေ မှာလည်း ရန်ကင်းမြို့နယ်ရှိ
အလုပ်သမား သင်တန်းကျောင်းမှာ ယခုလက်ရှိ အလုပ်လာရောက် လျှောက်ထား သူတွေကို
အလုပ်ရှင်များနဲ့ တွေ့ဆုံပြီး အလုပ်ရရှိဖို့ ထပ်မံ ဆောင်ရွက်ပေး သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မလေးရှားမှ ပြန်လည်
ရောက်ရှိလာတဲ့ ကျန်ရှိနေတဲ့ လုပ်သားတွေ အနေနဲ့ ပြည်တွင်းမှာ အလုပ်နေရာများ
ရရှိလိုပါက အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနကို
ဆက်သွယ်နိုင် တယ်လို့ သိရပါတယ်။
MRTV-4
No comments:
Post a Comment