အမြင့် ၂၀၆ ပေရှိ ယင်းဒုံးပျံကို United Launch Alliance, Lockheed Martin နှင့် Boing ကုမ္ပဏီများ ပူးပေါင်း တည်ဆောက်ထားခြင်း ဖြစ်သည်။
ယခုလွှတ်တင်သည့် ဂြိုဟ်တုသည် အမေရိကန် ရေတပ်က MUOS (Mobile User Objective System) စနစ်အတွက် အသုံးပြုရန် ဒုတိယမြောက် အာကာသအတွင်းသို့ ပို့လွှတ်ခြင်း ဖြစ်သည်။
ယင်းဂြိုဟ်တုကို လွှတ်တင်နိုင်ခြင်းဖြင့် စစ်တပ်အတွင်း ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ ပို့လွှတ်မှုများကို တစ်စက္ကန့်လျှင် 2.4 Kbps နှုန်းဖြင့် ပို့လွှတ်နိုင်ရုံမက၊ ဒေတာများကိုလည်း 348 Kbps အမြန်နှုန်းဖြင့် လွှဲပြောင်း ပေးပို့နိုင်မည်ဖြစ်ကြောင်း
အမေရိကန် ရေတပ်အနေဖြင့် ယခု လွှတ်လိုက်သည့် ဂြိုဟ်တု အာကာသ အတွင်း ရောက်လျှင် 3G-cellular နည်းပညာကို ပင်လယ်အတွင်း လွှတ်ထားသည့် ရေတပ်ပိုင်း သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ ကမ်းတက် ရေယာဉ်များနှင့် တပ်စခန်းများက ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်သည်။
အလေးချိန် ပေါင် ၁၅၀၀၀ ခန့် ရှိသည့် MUOS ဂြိုဟ်တုသည် အာကာသ အတွင်း ရောက်လျှင် Atlas 5 ယာဉ်အတွင်းမှ ထွက်ခွာပြီး ဆက်သွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
အမေရိကန် ရေတပ်သည် ပထမဦးဆုံး MUOS ဂြိုဟ်တုကို ၂၀၁၂ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး၊ ယခု စေလွှတ်ခဲ့သည့် MUOS 2 မှာ ဒုတိယမြောက်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် တတိယမြောက် MUOS 3 ကို စေလွှတ်ရန် လျာထားကြောင်းနှင့် နှစ်အလိုက်လည်း ဆက်လက် လွှတ်တင်သွားရန် ရှိကြောင်း ရေတပ်က သတင်း ထုတ်ပြန်ခဲ့သည်။
ယခု လွှတ်တင်လိုက်သည့် MUOS 2 ဂြိုဟ်တုသည် ကမ္ဘာမြေပြင် အမြင့် မိုင် ၂၂,၃၀၀ အကွာအဝေးမှ လှည့်ပတ်ကာ ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြှင့် ပြုပြင် ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု Reuters သတင်းက ဆိုသည်။
The Voice Weekly
No comments:
Post a Comment