ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပန်းဈေးကွက် ၇အတွင်းသို့ ရန်ကုန်မြို့မှ
ပန်းထိမ်ငိုပန်း ဝင်ရောက် မှုများပြီး အရောင်း သွက်နေကြောင်း
ပုသိမ်မြို့ရှိ ပန်းအရောင်းဆိုင်များထံမှ စုံစမ်း သိရှိရသည်။
ဟင်္သာတ၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်တို့မှ ပန်းထိမ်ငိုပန်းများ
ပုသိမ် ပန်းဈေးကွက်သို့ ရောက်ရှိ သော်လည်း ရန်ကုန် ပန်းကဲ့သို့ လူကြိုက်
မများကြောင်း ပန်း ရောင်းချသူများက ပြောကြားသည်။
ဒေသတွင်း
ပန်းထိမ်ငိုပန်း အထွက်နည်းသည့်အပြင် ရန်ကုန်မြို့မှ ပန်းထိမ်ငိုပန်းက
အပွင့်အခက် ပိုမို လှပခြင်းကြောင့် အရောင်းသွက်ခြင်း ဖြစ်ကြောင်း
ပုသိမ်မြို့ ရွှေမုဌောစေတီ စောင်းတန်းရှိ ပန်းအရောင်းဆိုင်မှ ဦးဝင်းကိုက
ပြောဆိုသည်။
ပန်းထိမ်ငိုပန်းသည် ရက်ရှည် အထားခံပြီး ရေ
လဲလှယ်ပေးပါက ၁၄ ရက်ခန့် ခံသည့်အပြင် အခြားပန်း အမျိုးမျိုးထက်လည်း
ဈေးနှုန်း သင့်တင့်ကြောင်း အိမ်ရှင်မ တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တော် သီရိမင်္ဂလာဈေး ပန်းအရောင်းဒိုင်များတွင် ပန်းထိမ်ငိုပန်း
၁၀ ခက်စည်း ၁၀ စည်းပါ အစည်းကြီး တစ်စည်းလျှင် ကျပ် ၇၀၀၀ ခန့် ဝယ်ယူရပြီး
ပုသိမ် ဈေးကွက်တွင်မူ ကျပ် ၁၀၀၀၀ အထိ ဈေး ရရှိကြောင်း ပန်း
ရောင်းချသူများက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment