ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ပေးမည့်
ရန်ကုန်မြစ်ကို ဖြတ်သန်းမည့် ရန်ကုန်-ဒလ တံတားစီမံကိန်းအား လာမည့် ၂၀၁၄
ခုနှစ်မှသာ စနိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိသည်။
ရန်ကုန်-ဒလ တံတားတည်ဆောက်ရန်အတွက် ဆွေးနွေးမှုများ မပြတ်သေးကြောင်းနှင့်
ယင်းအတွက် တံတားစီမံကိန်း စတင်နိုင်ဦးမည် မဟုတ်ဘဲ အကြိုလေ့လာမှု
လုပ်ငန်းများမှာမူ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဒလ
တံတားစီးမံကိန်းသည် ရန်ကုန်ဘက်ခြမ်းတွင် ဘုန်းကြီးလမ်းနှင့်
ဒလဘက်အခြမ်းတွင် ကျန်စစ်သားရပ်ကွက် အနီးတို့ကို ဆက်သွယ်ထိုးရန်
စီစဉ်ထားပြီး တံတားမှာ ပင်လယ်ကူး သင်္ဘောကြီးများကို လွတ်ကင်းအောင်
ထိုးရမည့်ပုံစံ ဖြစ်သောကြောင့် တံတားချဉ်းကပ်လမ်းကို အမြင့်များများ
ယူရမည်ဖြစ်ကြောင်း၊ တံတားချဉ်းကပ်လမ်းကို ခရုပတ်ပုံစံ လမ်းကြောင်းအတိုင်း
ဖော်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်-ဒလ တံတားဆောက်မည့် စီမံကိန်းကြောင့် ဒလဘက်အခြမ်းတွင် မြေဈေးနှုန်းများ ယခုလပိုင်းတွင် သိသာစွာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
သို့သော် တံတားစီမံကိန်းအတွက် ဆွေးနွေးနေဆဲပင် ဖြစ်သောကြောင့် ယခု ၂၀၁၃
ခုနှစ်အတွင်း စတင်နိုင်ရန်မှာ မလွယ်ကူကြောင်းနှင့် တံတားထိုးလိုက်မည်
ဆိုပါက ဒလဘက်မှ ရန်ကုန်မြို့တွင်းဘက် အခြမ်းသို့ မိနစ်ပိုင်းအတွင်း၌
ရောက်ရှိသွားလာနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
ရန်ကုန်-ဒလ တံတားစီမံကိန်း တံတားအဆင်း ဆောက်လုပ်မှုနေရာတွင် ပါဝင်သည့် ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် တစ်နေရာအား တွေ့ရစဉ်
No comments:
Post a Comment