မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက်
လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို
မြန်မာ ကျပ်ငွေဖြင့် ပြင်ဆင် ကောက် ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်
ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံ မှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
အဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။
လတ်တလောတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံ မှုကို
အမေရိကန် ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည် ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက်
ခံမှု အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကို တာဝန်ပေးသွားရန်
ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေးသွားဖွယ်
ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်း သိရသည်။
''ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ဝန်ကြီးဌာနက
တင်ဒါ ခေါ်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမယ်လို့
သိရပါတယ်။ ခရီးသွား လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေကို အပ်နှံ
ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ထားပါတယ်။ တင်ဒါ စည်းမျဉ်း စည်းကမ်း တွေမှာလည်း
အဲဒီက ကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ ဇုန်ရဲ့ စိမ်းလန်း စိုပြည်ရေး၊
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတွေမှာ ပြန်ပြီး အသုံးပြု သွားရမယ်ဆိုတဲ့
အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့အစည်းဟာ
နိုင်ငံသားပိုင် ဖြစ်ရမယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း
ဖြစ်ရမယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်း
ဖြစ်ရမယ်။ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း
တာဝန်ပေးခံရမယ် ဆိုရင် နှစ်နှစ်အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်း
ဆောင်ရွက်ချက်၊ တစ်နှစ်အတွင်းမှာ ကောက်ခံ ရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်းထက်
ကျော် လွန်တဲ့ ငွေကြေးကို ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးသွင်းရမယ် ဆိုတဲ့
အချက်တွေ လည်း ပါဝင်ပါတယ်။''ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း
အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယဉ်ကျေးမှု
အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား များထံက
ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာနှင့်
ယူရိုတို့ဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့် ပြင်ဆင်
ကောက်ခံခြင်းကို ယခု ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်လိုက်ခြင်း
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment