Pages

7.7.13

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေ



ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 

ဝရဇိန် စီမံချက် ကာလအတွင်း မှုခင်းကျဆင်းရေး ဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အသံချဲ့စက် ဖြင့် လှည့်လည်ဆော်သြခြင်း၊ ယာဉ်စစ်ပိတ်ဆို့ ရှာဖွေဆောင်ရွက်ခြင်း၊ ဧည့်စစ်၊ ယာဉ်စစ်ဆောင်ရွက်ခြင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းနှင့် ကင်းပုန်းဝပ် စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးထံမှ သိရသည်။ 

"ပြီးခဲ့တဲ့နှစ် ခြောက်လနဲ့ အခုနှစ်ရဲ့ ခြောက်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း အရေ အတွက်တွေကို နှိုင်းယှဉ်ရမယ်ဆိုရင် အမှုကြီးဖြစ်စဉ် ၄၇ မှု လျော့ကျသွားတယ်။ အခြားအမှု အရေအတွက် ၈၉၀ မှု လျော့ကျသွားပါတယ်။ ဒီဝရဇိန် စီမံချက် ကာလကိုတော့ အကန့်အသတ်မရှိ သတ်မှတ်ထားပြီး တော့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်" ဟု ရဲမှူးမြင့်ထွေးက ပြောကြားသည်။


EMG

No comments:

Post a Comment