Pages

21.7.13

ချင်း ပြည်နယ်တွင် CDMA 800 MHz မိုဘိုင်းလ်ဖုန်း စတင် အသုံးပြု

ချင်းပြည်နယ်(မြောက်ပိုင်း) ဟားခါး မြို့တွင် CDMA 800 MHz မိုဘိုင်းလ်ဖုန်း ရေဒီယိုစခန်းကို ဇူလိုင် ၁၅ ရက်က ဖွင့်လှစ် ခဲ့ပြီး ဖြစ်၍ ယခုအခါ အဆိုပါ မြို့နှင့် အနီးတွင် မိုဘိုင်းလ်
ဖုန်းလိုင်းများ စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။



မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် CDMA 800 MHz မိုဘိုင်းလ် ဖုန်းလိုင်းများ အသုံးပြု နိုင်ပြီး ချင်းပြည်နယ်တွင် အသုံးပြုနိုင်ခြင်း မရှိခဲ့ သောကြောင့် ၁၅ဝဝ တန် ဖုန်းများတွင် CDMA 800 MHz မိုဘိုင်းလ်ဖုန်းများ ချပေး နိုင်ခြင်း မရှိဘဲ WCDMA ဖုန်းများ ကိုသာ ချပေး ခဲ့ရ သည်။ ယခု လတွင်မူ CDMA 800 MHz မိုဘိုင်းလ်ဖုန်း ရေဒီယို စခန်း ဆောက်ပြီးပြီ ဖြစ်၍ ယင်းဖုန်းများ စတင် ချပေး နိုင်ပြီး ဟားခါးတွင် မဲစနစ်ဖြင့် ကတ် အရေ အတွက် ၂၅ဝဝ ချပေး ခဲ့ သည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ''တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ပြောရမယ် ဆိုရင် ချင်းပြည်နယ် မှာပဲ CDMA 800 MHz ဖုန်းလိုင်းတွေ အသုံး မပြု နိုင်သေး တာပါ။ အခု CDMA 800 MHz မိုဘိုင်းလ်ဖုန်း ရေဒီယို စခန်း ဖွင့်လှစ်ပြီ ဆိုတော့ အသုံးပြု နိုင်တော့ မှာပါ''ဟု ပြောသည်။

ဇူလိုင်လတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၁၅ဝဝ တန် GSM ဖုန်းလိုင်း အရေ အတွက် နှစ်သိန်းနှင့် CDMA 800 MHz ဖုန်းလိုင်း အရေအတွက် တစ်သိန်းခွဲ အထိ ချပေး သွားမည်ဟု မိုဘိုင်းလ် အင်ဂျင် နီယာချုပ် ဦးခင်မောင်ထွန်းက ပြောကြား ထားခဲ့ပြီး ဖြစ်သည်။

မြန်မာ နိုင်ငံတွင် မိုဘိုင်းလ် သိပ်သည်းဆ ၈ ရာခိုင်နှုန်းကျော် ဖုန်းလိုင်း အရေအတွက် ခုနစ်သန်းကျော် အသုံးပြုလျက် ရှိပြီး အများစုမှာ GSM ဖုန်းလိုင်းများ ဖြစ်သည်။ နောက်ပိုင်း တွင်လည်း GSM ဖုန်းလိုင်း များကို အဓိက ချထား ပေးသွားမည် ဖြစ်ပြီး CDMA 800 MHz ဖုန်းလိုင်း များမှာ လက်ရှိတွင် တိုးချဲ့မှု ပြုလုပ်ခြင်း မရှိကြောင်းလည်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ အင်ဂျင် နီယာ တစ်ဦးက ပြောသည်။

မိုဘိုင်းလ် ဌာနမှ အင်ဂျင်နီယာ ဦးသန့်စင်ထွေး ကလည်း '' လက်ရှိမှာတော့ မြန်မာ့ ဆက်သွယ်ရေးက လုပ်နေတဲ့ မိုဘိုင်းလ် ကွန်ရက် တွေမှာ CDMA မိုဘိုင်းလ် ဖုန်းလိုင်း Network တွေ တိုးချဲ့ခြင်း မရှိသေး ပါဘူး။ GSM ဖုန်းလိုင်း တွေသာ အဓိကထား တိုးချဲ့ နေပါ တယ်''ဟု ပြောသည်။

နေစု(ချင်းရိုးမ)
မြ၀တီ

No comments:

Post a Comment